နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေဖြူနှင့်တာချီလိတ်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

ရေ ဧပြီ ၁၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ရေဖြူမြို့နယ်၊ ရန်ကုန်မြိတ်သွားကားလမ်း၊ မလွှဲတောင် ပူးပေါင်းစစ်ဆေး ရေးဂိတ်၌ ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ခရီးသည် စန်းနိုင်အောင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၉၈၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၉ နာရီတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ အားကျို၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အိုက်စ် သုည ဒသမ ၃၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆၇ ပြား၊ ဘိန်းဖြူ သုည ဒသမ ၀၀၅ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့်၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထား ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ