နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျွန်းစုမြို့နယ်အတွင်း တရားမဝင်သစ်များ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

ကျွန်းစု ဧပြီ ၁၂

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ဧပြီ ၁၀ ရက်ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် ဝက်ဖြူတောင်ကျွန်း၏ အနောက်မြောက်ဘက် ၁ ဒသမ ၄ မိုင်ခန့်အကွာသို့အရောက်၌ အလျားပေ ၅၀၊ အနံ ၁၂ ပေ၊ ရေစူး ၃ ပေ ၆ လက်မခန့်ရှိ တရားမဝင်သစ်ခိုးလှေတစ်စင်းပေါ်မှ ဦးငွေလှ(ဘ)ဦးသိန်းနိုင်အပါအဝင်အမျိုးသားသုံးဦးအား တောသစ်ခွဲသားဆိုဒ်စုံ ၁၀ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူ၊ လှေနှင့်သစ်များအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ