နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နောင်ချိုနှင့် လားရှိုးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နောင်ချို ဧပြီ ၁၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် နောင်ချိုမြို့နယ် အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ်-မန္တလေးသွား ကားလမ်းတွင် မစန္ဒာဝင်းမောင်းနှင်လာသည့် ဆိုင်ကယ်အားရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပါသည်။
အလားတူ ယင်းနေ့ နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်လားရှိုးမြို့နယ် မန်ဆူကားဝင်းရှိ စုပေါင်းလားရှိုးကားလေးဂိတ်တွင် မန္တလေးမြို့သို့ ပို့ဆောင်မည့်လူမဲ့တန်ဆာပန်းသီးခြင်းများအတွင်း မူးယစ်ဆေးဝါးများပါရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရှာဖွေရာ ပန်းသီးထည့်ထားသည့် ကော်ခြင်းလေးခြင်းအတွင်းမှဘိန်းစိမ်း ၁၁ ဒသမ ၈ ကီလို၊ ငွေကျပ် ၁၀၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ