နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဝလွန်ရောဂါ ထိန်းချုပ်ရေး

ရန်ကုန်၊ ဧပြီ ၁၂
ကလေးသုံးယောက်လျှင် တစ်ယောက်မှာအဝလွန်တတ်ပြီး ယင်းသို့ အဝလွန်မှုမြင့်တက်လာခြင်းကို အသက် ၁၀ နှစ်အောက်တွင် ရပ်တန့်နိုင်ကြောင်း လေ့လာမှုတစ်ခုက ဆိုထားသည်။ သုတေသနပညာရှင်များက အများအားဖြင့် အသက် ၁၀ နှစ်မှ ၁၅ နှစ်အရွယ်ရှိသူများသည် အဝလွန်မှုမြင့်တက်လျက်ရှိသည်ဟု ဆိုသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အဝလွန်မှုနှင့်ဆက်စပ်၍ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါအချို့နှင့် မြုံခြင်းကဲ့သို့များပြားသော ကျန်းမာရေးပြဿနာများနှင့် ဆက်နွှယ်မှုရှိကြောင်း ထုတ်ပြန်ထားသည်။ ကလေးအများစုသည် မွေးစတွင် အဝလွန်ခြင်းမဖြစ်ဘဲ မူလတန်းပြီးဆုံးချိန်တွင် အဝလွန်ခြင်းမှာ စိတ်ပျက်စရာကောင်းကြောင်း၊ အသက်ငယ်ရွယ်သောအုပ်စုတွင် အဝလွန်မှုမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်မှုများပြုလုပ်ရန် ကျွမ်းကျင်သူတို့က ထုတ်ပြန်ထားသည်။ ကျန်းမာကြံ့ခိုင်သောဘဝများကို ပိုင်ဆိုင်ရန် တက်ကြွလှုပ်ရှားပြီး ကယ်လိုရီလျှော့ချရေးကို ဦးတည်ဆောင်ရွက်သင့်သည်။ ယနေ့အခြေအနေတွင် လူငယ်လူရွယ်များမှာ အင်တာနက်ကွန်ရက်စာမျက်နှာများပေါ်နှင့် လူမှုကွန်ယက်ပေါ်တွင်သာ အချိန်ကုန်လွန် လျက်ရှိပြီး ကျန်းမာကြံ့ခိုင်ရေးကို ဂရုမစိုက်နိုင်ကြသည်ကို တွေ့မြင်နေရသည်။
အဝလွန်ခြင်း သို့မဟုတ် မိမိရှိသင့်သည်ထက်ပို၍ ကိုယ်အလေးချိန်မြင့်တက်လာခြင်းက နှလုံး၊ သွေးတိုး၊ ဆီးချို၊ လေးဖက်နာ၊ လေဖြတ်ခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သဖြင့် လမ်းလျှောက်ခြင်း ဖြင့် အဝလွန်မှုကိုလျှော့ချသင့်ပေသည်။ မြို့ပြပတ်ဝန်းကျင်တွင် စိတ်ဖိစီးမှုများပြားလာသည့်အခါ လမ်းများများ လျှောက်ပေးသင့်သည်။ ယင်းကဲ့သို့ လမ်းလျှောက်ပေးခြင်းဖြင့် စိတ်ဖိစီးမှုများပြေပျောက်သွားပြီး တက်ကြွရွှင်လန်းကာ ခွန်အားသစ်များကိုတိုးပွားလာမည်ဖြစ်သည်။ ကိုယ်လက်လှုပ်ရှား လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်အဝလွန်မှုကို လျော့ကျစေနိုင်သည်။ အဝလွန်ခြင်းကြောင့် ယနေ့ဖြစ်ပွားမှု များပြားနေသော ကျန်းမာရေးပြဿနာများကို ထိန်းထားနိုင်ပေသည်။ သို့ဖြစ်ရာလောက၌ အသက်ရှည်ရာအနာမဲ့ကြောင့် နည်းလမ်းကောင်းများကို အသိပညာရှာဖွေ လိုက်နာဆောင်ရွက်သင့် ဂရုပြုစေချင်ကြောင်း။         ။






အခြားဆက်စပ်သတင်းများ