ရန်ကုန် မေ ၁၆
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ၆ ခုနှင့် စက်ရုံ ၂ ရုံမှ ပြည်သူ ၁၄၀ဝ၀ဝ ကျော်ကို မေ ၁၆ ရက်၊ နံနက် ၆ နာရီမှစတင်ကာ ကျန်းမာရေး စစ်တမ်းများ လိုက်လံကောက်ယူခဲ့သည်။
"တစ်မြို့နယ်လုံးထဲကမှ လူနာတွေထွက်ပေါ်ခဲ့တဲ့နေရာ၊ အဲဒီနေရာနဲ့ ထိစပ်တဲ့နေရာတွေကို ရွေးပြီး လုပ်ခြင်းဖြစ်ပါတယ်။ အဖျားရှိပြီး အတွင်းထဲမှာ ကြိတ်ကုနေတာမျိုးတွေကိုလည်း ဖော်ထုတ်ပါတယ်"ဟု လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်ရူပါစိုးက ပြောသည်။
ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ မောပန်းခြင်း၊ အသက်ရှူရခက်ခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့အရသာပျောက် ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကြင်ခြင်း၊ ချမ်းတုန်ခြင်းများ ရှိ၊ မရှိကို တစ်အိမ်တက်ဆင်း ကောက်ယူ သကဲ့သို့ ကျန်းမာရေးစင်တာ(ဖောင်ကြီး) အထူးတာဝန် ကားများဖြင့်လည်း စစ်ဆေးကောက်ယူခဲ့သည်။
ကျော်စိုးသူ(City News)