နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝိုင်းမော်နှင့် ကျောက်ဆည်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ဝိုင်းမော် ဧပြီ ၁၁

ဝိုင်းမော်မြို့နယ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဧပြီ ၉ ရက်၊ ညနေ ၄ နာရီတွင် ဝိုင်းမော်မြို့နယ် ဆဒုံး-ဝိုင်းမော်သွားကားလမ်း ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် လွမ်းထာ(ခ)မောင်တာမောင်းနှင်ပြီး မအေးရီလိုက်ပါလာသော ဆိုင်ကယ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၀ ကီလိုကိုလည်းကောင်း။

အလားတူ ဧပြီ ၉ ရက်၊ မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည်ကျောက်ဆည်မြို့နယ် ကင်းကျေးရွာအနီး ရွာငံ-ဟံမြင့်မိုရ်သွား ကားလမ်း တွင် သန်းနိုင်ဝင်း(ခ)ငပိန်မောင်းနှင်ပြီး စီမင်း(ခ)အားမြင့်၊သိန်းဇော်ဦးနှင့် သိန်းနိုင်တို့လိုက်ပါလာသည့် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်း ၂၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရအရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ