နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေအတွက် ရေမခက်ရေး

ဧပြီ  ၁၀
ပြည်သူအများခံစားနေရသည့် အပူဒဏ်ကားမသေးလှပါ။ ခရမ်းလွန်ရောင်ခြည်ပျံ့နှံ့မှုနှုန်းကလည်း မြင့်မားလှပေသည်။ ပူပြင်းခြောက်သွေ့သောရာသီရောက်ရှိလာပြီဖြစ်သဖြင့် ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်များ တွင် မြစ်ချောင်းရေကန်များ ရေလျော့နည်းလာပြီဖြစ်သည်။ ရေတွင်း၊ ရေကန်များအား လူထုအဖွဲ့အစည်းများဖြင့်သော်လည်းကောင်း၊ စက်ယန္တရားအကူအညီဖြင့်သော်လည်းကောင်း၊ ဒေသဆိုင်ရာတာဝန်ရှိအဖွဲ့အစည်း များနှင့်သော်လည်းကောင်း၊ ရေချိုအရင်းအမြစ်များ မဆုံးရှုံးစေရန် ဆည်၊ မြောင်း၊ ကန်၊ ချောင်းများအား ဆည်ဖို့ခြင်း၊ အသစ်တူးဖော်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။  ကမ္ဘာ့လူဦးရေ သည် လျင်မြန်စွာတိုးပွားလာမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့် ရေသယံဇာတရှားပါးမှုသည် အရေးကြီး သောစိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့်ပတ်သက်၍ သတိပေးထုတ်ပြန်ထားပေသည်။ နိုင်ငံ အတွက် အရေးကြီးသောစိုက်ပျိုးရေးလုပ်ငန်းအတွက်လည်းကောင်း၊ သောက်သုံးရေအတွက်လည်းကောင်း လိုအပ်သောရေချိုအရင်းအမြစ်များကို နည်းမျိုးစုံဖြင့်ထိန်းသိမ်းကာ အကျိုးရှိစွာသုံးစွဲရန်လိုအပ်ပေသည်။
ကျေးလက်နေပြည်သူများ ရေရရှိရေး၊ လူနေမှုဘဝမြင့်မားရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အစွမ်း ကုန်ကူညီဆောင်ရွက်ပေးလျက်ရှိရာ ဆည်မြောင်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဦးစီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆည်၊ မြောင်း၊ ကန်၊ ချောင်းများကို ပြန်လည်တူးဖော်ဆောင်ရွက်လျက်ရှိ သည်။  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် သောက်သုံးရေရှားပါးသည့်ကာလများတွင် မြို့နယ်များအတွင်း သောက်သုံးရေများလိုအပ်လျက်ရှိသော သာသနိက ကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများကို သက်ဆိုင်ရာ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်ယာဉ်များဖြင့် သောက်သုံးရေများ နှစ်စဉ်ဖြန့်ဝေလှူဒါန်းပေးလျက်ရှိသည်။ မွန် ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မီးသတ်စခန်း၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မီးသတ်စခန်းတို့မှ ရပ်ကွက်များနှင့် ဘုန်းတော်ကြီးကျောင်းတိုက်များသို့ မီးသတ်ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိသည်။
နွေရာသီရေလိုအပ်ချိန်တွင် ရေလှူရခြင်း၊ ရေနှင့်ကောင်းမှုပြုလုပ်ရခြင်းမှာ အကျိုးကြီးမားလှပေသည်။ ရေလိုအပ်ချိန်တွင် မိဘပြည်သူများအကျိုးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် ပရဟိတအသင်းများက ရေပြတ်လပ်နေသောဒေသများတွင် ရေအလှူများစုပေါင်းလှူဒါန်းရာ မမောနိုင်၊ မပန်း နိုင် ကုသိုလ်ကောင်းမှုယူနေကြသည်။ ရေအကျိုးဆယ်ပါးကို မတောင်းဘဲနှင့်ပြည့်စုံအောင် စွမ်းဆောင်နေကြ ပေသည်။ အဟောသုခံချမ်းသာပေစွ။    ။






အခြားဆက်စပ်သတင်းများ