နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှားစောင်းလက်ပတ်ကို ဘယ်လိုနေရာတွေအတွက် အသုံးပြုရမလဲ?

ရှားစောင်းလက်ပတ်ပင်သည် အရည်ရွှမ်းသည့် အပင်တစ်မျိုးဖြစ်ကာ အမြဲစိမ်းနှစ်ရှည်ခံပြီး အာရေဗီယန် ကျွန်းဆွယ်မှ ဆင်းသက်လာသည့် မျိုးစိတ်တစ်ခုဖြစ်သည်။
အဆိုပါမျိုးစိတ်က လူတို့အတွက် အဖက်ဖက်ကအသုံးဝင်သည့် မျိုးစိတ် တစ်ခုဖြစ်သည်။ အသားရည်ခြောက်တတ်သူ၊ ဝက်ခြံပေါက်ပြီး   အမာရွတ်ကျန်သူများနှင့်    အသားအရေ   တင်းတင်းရင်းရင်းလေး   ဖြစ်ချင်သူများအတွက် ရှားစောင်းလက်ပတ်က အထူးအသုံးဝင်သည့်အပင်တစ်မျိုးဖြစ်သည်။ ယခုနောက်ပိုင်းတွင် ရှားစောင်းလက်ပတ် ၉၉ ရာခိုင်နှုန်းပါဝင်သည့်   ဂျယ်လ်များလည်း   ဈေးကွက်ထဲတွင် ဈေးသက်သာစွာဖြင့် အလွယ်တကူဝယ်ယူ ရရှိနေပြီ ဖြစ်သည်။   ရှားစောင်းလက်ပတ်ကို   အလှအပပိုင်းဆိုင်ရာတွင် အသုံးဝင်လှသည်။  ရှားစောင်းလက်ပတ်တွင် နေလောင်ဒဏ်ကို ကုသပေးခြင်း၊ ဗောက်ပျောက်စေခြင်း၊ ဝက်ခြံလျော့ပါးစေခြင်း၊ ခြေဖဝါးကွဲခြင်းမှ သက်သာစေခြင်း၊ ဆံကေသာကို ထောက်ပံ့ပေးခြင်း စသည့်ကောင်းကျိုးများစွာကို ပေးစွမ်းနိုင်သည်။
(WP)






အခြားဆက်စပ်သတင်းများ