နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုက်ရွှဲခြင်းသည် အိပ်ချိန်နည်းလွန်း၊ များလွန်းခြင်းနှင့် ဆက်စပ်နေကြောင်း လေ့လာတွေ့ရှိ

 ဧပြီ  ၈

ညစဉ် အိပ်ချိန် ငါးနာရီနှင့် ငါးနာရီအောက်သာရှိသော အသက် ၄၀ အောက် လူငယ်များတွင် အိပ်ချိန်ပြည့်ဝ သူများထက် ဝမ်းဗိုက်အဆီစုဆောင်းမှု ငါးနှစ်အတွင်း သိသိသာသာများလာကြောင်း ကျန်းမာရေးသုတေသီ များက တွေ့ရှိထားကြသည်။ ထို့ကြောင့် အိပ်ရေးမဝခြင်းသည် အဝလွန်၍ ဗိုက်ရွှဲစေသည်ဟူသော သဘော တရားသည် မှန်ကန်ကြောင်း သက်သေဖြစ်စေခဲ့သည်။

သို့သော် တစ်ဖက်မှ လေ့လာချက်တစ်ရပ်မှလည်း အိပ်ချိန် ရှစ်နာရီအထက်ရှိသူများသည်လည်း ဤကဲ့သို့ အဝ လွန်၍ ဗိုက်ရွဲစေကြောင်း သိရှိရပြန်သည်။ ထို့ကြောင့် ဤသုတေသနပြုလုပ်ချက်များ၏ ရလဒ်အနှစ်ချုပ်ကို တင်ပြလျှင် ဝမ်းဗိုက်အဆီတက်ရန် အခွင့်အလမ်းအနေဖြင့် အိပ်ချိန် ငါးနာရီခန့်သာရှိသူများသည် ၃၂ ရာခိုင်နှုန်း၊ ခြောက်နာရီမှ ခုနှစ်နာရီရှိသူများသည် ၁၃ ရာခိုင်နှုန်း၊ ရှစ်နာရီကျော်ရှိသူများသည် ၂၂ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။

ဤရလဒ်ကိန်းဂဏန်းများသည် အိပ်ချိန်ဟူသော အချက်တစ်ချက်တည်းအပေါ်မူတည်၍ တွက်ချက် ထားခြင်းဖြစ်ပြီး အဝလွန်စေသော အခြားအရေးပါသော အချက်များဖြစ်သည့် အစားအသောက်ပမာဏ၊ အမျိုးအစား၊ ကိုယ်လက်လှုပ်ရှားမှု အနည်းအများ၊ ပညာတတ်မြောက်မှုနှင့် ဆေးလိပ်သောက်၊ မသောက် စသည့် အချက်များကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အိပ်ရေးပျက်လျှင် ကစီဓာတ်များအပေါ် ခုံမင်စေသော ဟော်မုန်းတစ်မျိုးထွက်လာ ခြင်း၊ အစာစားနေစဉ်အတွင်း အစားအသောက်ကို တင်းတိမ်စေသော ဟော်မုန်းတစ်မျိုး အထွက်နောက်ကျ ခြင်း စသည့်အချက်များကြောင့် နေ့စဉ်အိပ်ချိန်နည်းခြင်းသည် အဝလွန်ခြင်းကိုအားပေးသည်ဟု ဆရာဝန် တစ်ဦးက ပြောကြားသည်။                                                                                                          

(သူရိန်)






အခြားဆက်စပ်သတင်းများ