နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး

ဧပြီ  ၆

လောက၌ အသိဉာဏ်ပြည့်စုံသောသူသည် အရာရာကို ချင့်ချိန်စဉ်းစားလုပ်ကိုင်တတ်၍ ကောင်းကျိုး စီးပွားအဖြာဖြာ တိုးပွားလာ၏။ အသိဉာဏ်ပညာသည် အကောင်းအဆိုးအကြောင်းအကျိုးတို့ကို ဝေဖန် ပိုင်းခြား သိနိုင်စွမ်းပေသည်။ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသည့်အတွက် ပညာရေးကဏ္ဍကို အဆင့်မီမြင့်မားတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတိုင်းကလည်း လူတိုင်းခေတ်နှင့်အညီ အမီလိုက်နိုင်စေရန် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိရာ ယနေ့ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံအချို့တွင် ကျောင်းများပိတ် သည့်နိုင်ငံကပိတ်၊ ပြန်ဖွင့်ရန် ကြိုးပမ်းသည့် နိုင်ငံများ ကြိုးပမ်းလျက်ရှိသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံတွင် ကျောင်းများ ပိတ်ထားခဲ့ရသည့်အတွက် ကျောင်းသား၊ ကျောင်းသူများနှင့်တကွ နိုင်ငံတော်၏ ပညာရေးကဏ္ဍပါ ထိခိုက်နစ်နာရသည်။

မိမိတို့နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး အင်အားသုံးရပ်ခိုင်မာတောင့်တင်းစေရန် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည်။ ''နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိမည်။ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရမည်။ ဆက်သွယ်မှုစနစ် ကောင်းမွန်ရန်နှင့် ကျန်းမာရေးနှင့် ပညာရေးစနစ် ကောင်း မွန်သည့် လူသားအရင်းအမြစ်ကောင်းကို ရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ လူသားအရင်းအမြစ်ကောင်းရရှိရန် အတွက် ကျန်းမာရေး၊ ပညာရေးတို့ကို အားပေးရမည်ဖြစ်ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ဖြစ်ပေါ်မှုကြောင့် ပိတ်ထားရသည့် ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ တွင် ၉၀ ရာခိုင်နှုန်းကျော် စာတတ်မြောက်သည်ဟု  ကိန်းဂဏန်းများအရ သိရှိရပြီး တတ်မြောက်မှုအများစု သည် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်ပညာရေးသာဖြစ်ကြောင်း''နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၄ ရက်တွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရာတွင် ပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် ကျွမ်းကျင်လုပ် သားများ မွေးထုတ်ပေးနိုင်ရေးသည် အဓိကအရေးပါပေသည်။ နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်း ကျောင်းပညာရေးကဏ္ဍ တိုးချဲ့မြှင့်တင်နိုင်ရေးသည် အရေးပါသော လုပ်ငန်းစဉ်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးကို အဘက်ဘက်မှ အစွမ်းကုန်ကြိုးစားအားထုတ်ပြိုင်ဆိုင်မှုများနှင့်အတူ နည်းပညာရပ်များသည် အရှိန် အဟုန်နှင့် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာပြီး လူ့စွမ်းအားအရင်းအမြစ်မြင့်မားလာသည့် နိုင်ငံတော်ဖြစ်ပေါ် လာရေး အထောက်အပံ့ဟု ဆိုချင်ပါကြောင်း။






အခြားဆက်စပ်သတင်းများ