နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သခွားသီးပုံမှန်စားသုံးပေးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ

ဧပြီ   ၆

သခွားသီးသည် အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ အကျိုးရှိစေသည့် အစားအစာတစ်မျိုးဖြစ်သည်။ သခွားသီးကို မျက်နှာတွင် (၁၅)မိနစ်ခန့် ပုံမှန်ကပ်ထားပေးခြင်းက မျက်နှာအသားအရည်ကိုစိုပြည်စေပြီး ဝက်ခြံကင်းကာ ဖြူဝင်းတဲ့အသားအရည်ကို ရရှိစေနိုင်သည်။

မျက်နှာကို သခွားသီးကပ်ပေးခြင်းက Spa အတော်များများတွင် ပြုလုပ်ပေးလေ့ရှိပြီး သခွားသီးတွင် ဗီတာမင်-စီ နှင့် Caffeic Acid ပါဝင်သောကြောင့် မျက်လုံးပေါ်တွင် သခွားသီးကပ်ပေးခြင်းဖြင့် မျက်လုံးအောက် အရည်အိတ်ဖြစ်ခြင်း၊ မျက်စိရောင်ရမ်းခြင်း၊ မျက်ကွင်းညိုခြင်း၊ မျက်လုံးတစ်ဝိုက် အလက်ဂျစ်ဖြစ်ခြင်း၊ အရေးအကြောင်းဖြစ်ခြင်းတို့ကို သက်သာစေနိုင်သည့်အပြင် Sensitive ဖြစ်တတ်သည့် အသားအ‌ရေပိုင်ရှင်များအတွက် အရေပြားဓာတ်မတည့်မှုကြောင့်ဖြစ်စေနိုင်သည့် မျက်နှာနီမြန်းခြင်းကိုလည်း သက်သာစေနိုင်သည်။
အထက်တွင်ဖော်ပြထားသည့်အကြောင်းအရာတို့အပြင် သခွားသီးကို ပုံမှန်စားသုံးပေးခြင်းကလည်း ကျန်းမာရေးအတွက် ကောင်းမွန်စေသည့်အကျိုးကျေးဇူးများစွာကို အောက်တွင်ဖော်ပြပေးထားသည်။

 ခန္တာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း၊
 ကယ်လိုရီတွေကို လျော့ချပေးခြင်း၊
 Hangover ဖြစ်ခြင်းကို သက်သာစေခြင်း၊
 ခံတွင်းအနံ့ဆိုးတွေကို ကာကွယ်ပေးခြင်း၊
 အစာချေစနစ်ကို ကောင်းမွန်စေခြင်း၊
 အမြင်အာရုံ ကြည်လင်စေခြင်း၊
ဆံသားတွေကို ကျန်းမာစေခြင်း။

(WP)






အခြားဆက်စပ်သတင်းများ