နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျှင်ဓာတ်အစားအစာက အစာအိမ်အူလမ်းကြောင်း ဗက်တီးရီးယား၊ အချိန်တိုမြင့်တက်

ဧပြီ   ၅

သုတေသီတို့က အမျှင်ဓာတ်ပိုမိုပါဝင်တဲ့ အစားအစာက တိကျတဲ့လုပ်ငန်းဆောင်တာများရှိပြီး အပေါင်းလက္ခဏာဆောင်တဲ့ ကျန်းမာရေးဖြစ်စေတယ်ဆိုတယ်။ အမျှင်ဓာတ်က အစာအိမ်အူလမ်းကြောင်း ဘက်တီးရီးယားတွေရဲ့ အသွင်ပြောင်းစနစ်ပြောင်းလဲစေကာ ကျန်းမာရေးကောင်းစေတယ်။ အစာအိမ် အူလမ်းကြောင်းမှာ အမျှင်ဓာတ်(၂)ပတ်ဆက်စားသောက်မှုဟာ အစာအိမ်အူလမ်းကြောင်း ဘက်တီးရီးယားကို ပြောင်းလဲစေနိုင်တယ်။

သုတေသီတွေဟာ အမျှင်ဓာတ်ပါတဲ့အစားအစာကို(၂)ပတ်ဆက် တိုးမြှင့်စားသောက်စေခဲ့ရာ လူ့ကိုယ်ခန္ဓာ အစာအိမ်အူလမ်းကြောင်းမှ အကျိုးပြုဗက်တီးရီးယား ပြောင်းလဲတိုးပွားလာကြောင်းတွေခဲ့ကြတယ်။ ဘက်တီးရီးယားတွေက အစားအစားမှ ဖိုင်ဘာအမျှင်ဓာတ် ခြေဖျက်မှုတိုးမြှင့်လာသလိုဘက်တီးရီးယားရဲ့ အသွင်ပြောင်းစနစ်လည်း အစာကိုလိုက်ပြီး ပြောင်းလဲလာကြောင်း တွေ့ရှိခဲ့ကြတယ်။
သုတေသီက "တိုပြတ်တဲ့ဖက်တီအက်ဆစ်(SCFA _short chain fatty acid)မတိုးပွားစေဘဲ၊ ဘက်တီရီးယားခြေဖျက်နှုန်း မြင့်မားလာအောင် ခန္ဓာကိုယ်တွင်းပြောင်းလဲသက်ရောက်စေတယ်။ တိုဖြတ်တဲ့ ဖက်တီအက်ဆစ်ဟာ ခန္ဓာကိုယ်စွမ်းရည်အရင်းအမြစ်ဖြစ်ကာ ခန္ဓာကိုယ်ကိုက်ခဲနာကျင်မှုနဲ့ ခန္ဓာကိုယ်တွင်း အင်ဆူလင်လျော့ချ/တိုးပွားထုတ်လုပ်မှုမှာ ပါဝင်နေတယ်ဆိုတယ်။

သုတေသီက တွေ့ရှိတဲ့စာတမ်းကိုစနစ်များ(insystems)ဂျာနယ်မှာပုံနှိပ်ဖော်ပြထားပါတယ်။
အမျှင်ပါတဲ့အစားအစာအကျိုးကျေးဇူးတွေက အသွင်ပြောင်းစနစ်ချေဖျက်မှုစနစ်ပုံမှန်ဖြစ်စေကာ နှလုံး သွေးကြောရောဂါရဲ့ သေလုမျောပါးဖြစ်နေမှုလျော့ချပေးပါတယ်။
အမေရိကန်ပြည်ထောင်စုမှာလူ(၂၀)မှာ တစ်ယောက်သာလိုအပ်တဲ့ အမျှင်ဓာတ်ပါတဲ့အစာကိုစားသောက်နိုင်ပါတယ်။ ဒေါက်တာကက်သရင်းဝှိုက်ဆန်(Dr Kathine White Scno)လက်ထောက်ပါမောက္ခဇီဝဗေဒဇီဝ ဓာတုဗေဒဌာန ကယ်လီဖိုးနီးယားတက္ကသိုလ်နဲ့အဖွဲ့က လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ဒေါက်တာလွင်သန့်






အခြားဆက်စပ်သတင်းများ