နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကလေးဘဝအနိုင်ကျင့်ခံရခြင်း

ဧပြီ   ၄
လွန်ခဲ့နှစ်သန်းပေါင်းများစွာလူရယ်လို့ ဖြစ်လာကတည်းက အနိုင်ကျင့်တာတွေရှိတယ်။ သူရဲကောင်း ဝါဒထွန်းကားခဲ့ဖူးတယ်။ အလဲထိုးသူတွေရှိခဲ့သလို။ အနိုင်ကျင့်ခံရလို့ လူငယ်တော်တော်များများ သေကြောင်းကြံတဲ့ထိဖြစ်ခဲ့ဖူးတယ်။ အနိုင်ကျင့်သူတွေဟာ အနိုင်ကျင့်ခံရသူတွေထက် ခွန်အားဗလ ကြီးလေ့ရှိတဲ့အတွက် ပြန်တိုက်ခိုက်ဖို့ကြိုးစားတာက အချည်းနှီးပဲဖြစ်တယ်။ ပတ်ဝန်းကျင်မှာ အနိုင်ကျင့်နေတာကိုတွေ့မြင်ရရင်၊ မသိသလို မနေသင့်ဘူး။ အနိုင်ကျင့်သူတွေဟာ အတ္တကြီး သူတွေဖြစ်ကြပေမယ့်၊ စကားကြီးစကားကျယ်ပြောနေပေမယ့် စိတ်အားငယ်တတ်သူတွေဖြစ်ကာ သူတို့ရဲ့ ခံစားချက်ကို ဖြေတဲ့အနေနဲ့ အနိုင်ကျင့်တတ်ကြတယ်။ အနိုင်ကျင့်သူတွေဟာ ပြောင်းလဲနိုင်ပါတယ်၊ သူတို့ရဲ့ အမူအကျင့်တွေဟာ တိရစ္ဆာန်သာသာပဲရှိတယ်ဆိုတာပြောပြပြီး အမူအကျင့်ကောင်းတွေ ပြန်ရနိုင်တယ်။
အနိုင်ကျင့်ခံရရင် ပြန်မတုံ့ပြန်သင့်ပါဘူး။ မိုက်မဲသူတွေဟာ ခံစားရသမျှ အကုန်ထုတ်ဖော်တတ်တယ်၊ ဉာဏ်ပညာရှိသူကတော့ အေးဆေးတည်ငြိမ်စွာထိန်းချုပ်တတ်တယ်။ အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ် ဖြစ်အောင်နေမယ်ဆိုရင်၊ အနိုင်ကျတဲ့သူကို စိတ်ဝင်စားတော့မှာ မဟုတ်တော့ဘူး။ အနိုင်ကျင့်သူကို လက်စား မချေသင့်ပါ။ ဘယ်သူမဆို အဆိုးကိုအဆိုးနဲ့ မတုံ့ပြန်သင့်ဘူး။ လက်တုံ့ပြန်တာက ပိုဆိုးဝါးစေပါတယ်။ ပြဿနာမှ ရှောင်နေသင့်တယ်။ ဘယ်သူမှားမှားမှန်မှန် အနိုင်ကျင့်သူရော၊ အနိုင်ကျင့်ခံရသူပါ ပြဿနာ ပေါ်လာရင် ကိုယ်ကသက်သေဖြစ်နေတတ်လို့ ရှောင်ဖို့သင့်ပါတယ်။
အနိုင်ကျင့်သူက ကိုယ့်ကို ဝက်ပုတ်(big pig)လို့ ပြောရင် "အေးပါ ငါဝိတ်ချရဦးမယ်"လို့ ဖြေတတ်ရမယ်။  အရာအားလုံး အနိုင်ကျင့်သူကို သူတို့မျှော်လင့်မထားတဲ့နည်းနဲ့ တုံ့ပြန်သင့်ပါတယ်။ နှုတ်ဆိတ်နေခြင်းဟာ၊ အရာအားလုံး ပြီးမြောက်စေပါတယ်။ ကိုယ့်ကို အနှောင့်အယှက်ပေးတဲ့သူထက် ကိုယ်ဟာပိုတည်ငြိမ်ရင့်ကျက် ကြောင်း၊ ပိုသန်မာကြောင်း  ပြရာရောက်တယ်။ အနိုင်ကျင့်တဲ့ သူတွေဆီမှာမရှိတဲ့ စိတ်ချုပ်တည်းမှုကို တင်ပြနေသလိုပါပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှုရှိအောင် လုပ်သင့်ပါတယ်။ အနိုင်ကျင့်သူတွေဟာကိုယ့် ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုမရှိသူတွေ ကြောက်တတ်တဲ့သူတွေကို ပစ်မှတ်ထားတယ်။ သူတို့ပြောတိုင်း မကြောက်၊ မြောက်တိုင်းလည်း မမြောက် နေတတ်ဖို့လိုတယ်။ သည်လိုလူတွေကို အနိုင်ကျင့်လိုသူတွေ ရှောင်သွားတတ်တယ်။   ဘယ်သူမဆို အနိုင်ကျင့်ခံရပြီဆိုရင် တစ်ယောက်ယောက်ကို ဆရာ၊ မိဘ၊ အသက်နဲ့အတန်းကြီးတဲ့သူ၊ အစ်ကိုကိုတိုင်ပြောသင့်ပါတယ်။ အခြားသူတွေကို ဆက်အနိုင်မကျင့်အောင် တားဆီးပေးရာရောက်ပါတယ်။
အနိုင်ကျင့်ရာမှာ ကာယပိုင်းနဲ့ နာကျင်အောင်မှ မဟုတ်တယ်၊ မယူဆသင့်ဘူး။ စကားနဲ့အနိုင်ယူအနိုင်ကျင့် ခံနိုင်တယ် “အသုံးမကျသူ၊ အပယ်ခံငတုံးနာအောင်ပြောတာ အသားနာတာထက် ပိုပြီးခံရတတ်တယ်။ ကျောင်းနေဖက်သူငယ်ချင်းက အဖက်မလုပ်ကြဘူး၊ နေ့လယ်စာစားတဲ့အခါ ကျောင်းခန်းထဲမှာ မပေးလို့ တစ်ယောက်တည်းစားရတယ်။ အချို့က အွန်လိုင်းအသုံးပြုကာ မျက်ရည်စက်လက်နဲ့၊ တစ်နှစ်လုံး၊ တစ်ယောက်တည်း စားခဲ့ရတယ်” ဖြစ်နိုင်တယ်။ အနိုင်ကျင့်တာခံကြရပါတယ်။ “မယားငယ်ဆိုတာဟာ မယားကြီးငုတ်တုတ်ရှိရက်နဲ့ အိမ်ကြီးမယားတွေဖျက်ဆီးတဲ့ဟာ "ဗိုင်းတာမ" လို့ခေါ်ခံရရင်၊ အသားနာတာထက် ခံရခက်ပါတယ်။ အွန်လိုင်းမှာ ဟုတ်တာတင်၊ မဟုတ်တာ အခြေအမြစ်မရှိတဲ့ဟာ ကိုဘဝတစ်ခုလုံး ထိခိုက်သွားစေလိုတဲ့ရည်ရွယ်ချက်နဲ့တင်တယ်။ ပိုပိုသာသာပြောသွားတယ် ကိုယ်ဟာ အပြစ်ရှိတဲ့သူ” ဖြစ်သွားလောက်အောင် နှိမ်တာတွေပါတယ်။ အခြေအမြစ်မရှိတာကို လူတွေဖတ်ကြည့်ဖြစ်ရင်ကိုယ့်ကိုကို ယုံကြည်စိတ်ချမှုရှိမယ်ဆိုရင် အနိုင်ကျင့်တဲ့သူမှမရှိတဲ့ အစွမ်းခွန်အားကို ပိုင်ဆိုင်နိုင်ပြီပဲဖြစ်တယ်။ ရွယ်တူချင်းမှာလည်း၊ အုပ်စုလိုက်(သို့) ဆရာ၊ ဆရာမမျက်နှာသာပေးလို့ အနိုင်ကျင့်တတ်ကြတယ်။ ပြဿနာကိုကြိုမြင်တတ်ရမယ်။ အရှေ့ခပ်လှမ်းလှမ်းမှာ သူငယ်ချင်းက ဆေးလိပ်သောက်နေတာတွေ့တယ်။ ဆေးလိပ်သောက်ဖို့တိုက်တွန်းကြမယ်ဆိုတာကြိုမြင်ပြီးရှောင်သွားနိုင်တယ်။ ပြင်ဆင်ထားနိုင်တယ်၊ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကိုထိန်းသိမ်းထားသင့်တယ်။ ဖြစ်တယ် ကြိုမြင်တတ်ရမယ် တိုက်တွန်း ကြမယ်ဆိုတာ ကြိုပြင်ပြီး ရှောင်သွားနိုင်တယ်။ ကိုယ့်ကိုကိုယ် မေးကြည့်သင့်တယ်။ သူတို့နဲ့ ရှေ့ဆက်သွား နေရင် ရေရှည်ဘာဖြစ်လာနိုင်မလဲ။ အစပိုင်းမှာတော့ သူတို့ရဲ့ လက်ခံမှုရနိုင်တယ်။ နောက်ပိုင်း ကျောင်းနေဖက်တွေရဲ့အကြိုက် လိုက်ချင်ရုံနဲ့ ကိုယ်ရပ်တည်ချက် အလျှော့ပေးရတာတွေ ဖြစ်လာနိုင်ပါတယ်။ ဉာဏ်ပညာရှိက အသက်ကြီးတယ်။ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ပြီး အကျိုးဆက်အတိုင်းနေထိုင်သွားရ မယ်။ မှန်ရာလုပ်ဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့ကြသလို၊ အလျော့အတင်းလေးတွေလုပ်ပြီး ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်နိုင် မယ်။ အလျော့အတင်းလေးတွေလုပ်ရင်း အပေါင်းအသင်းဝင်ဆံ့လာမယ်။ ငါ့ကိုစာရင်းထဲဆွဲမထည့်နဲ့။ ငါမလုပ်ဘူး။ ငါမလုပ်ဘူးဆိုတာ မင်းတို့သိရဲ့နဲ့ စတဲ့ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချသင့်ပါတယ်။
ရွယ်တူသူငယ်ချင်းတွေ ဖိအားမပေးတော့ဘဲ နောက်ဆုတ်သွားကြမှာဖြစ်တယ်။ ရွယ်တူသူငယ်ချင်းတွေ အနိုင်ကျင့်လှောင် ပြောင်တဲ့အခါ ဘာလုပ်သင့်ပါသလဲ။ “ဘာဖြစ်နေကြတာလဲ။ မင်းကြောက်လား” ပြောလာရင်၊ လူငယ်တွေ လက်တုံ့ပြန်မှာလား။ ဖိအားဝင်တာတော့မှန်တယ် ပြောတာနောက်ဆုတ်လိုက်တာမှန်နေ တယ်။ “ငါကြောက်တယ်” ။ “မင်းတို့ကော ဆေးလိပ်သောက်တာ မကြောက်ဘူးနော်” ပြန်ပြောလိုက်ရုံပါပဲ။ အပေါင်းအသင်းခင်တဲ့လူငယ်တွေဟာ ပျက်စီးလွယ်ကူပါတယ်။
ရွယ်တူသူငယ်ချင်းတွေ ဆက်ပြီးလှောင်ပြောင်နေမယ်ဆိုရင် ထွက်သွားလိုက်တာကောင်းပါတယ်။ အဲဒီမှာ ဆက်ရှိလေး ဖိအားပိုဝင်လာလေ၊ ရန်သတ္တုပြုဖို့ပိုများလာလေပဲဖြစ်တယ် လိုက်မလုပ်ဘူးလို့ ဖော်ပြရာ ရောက်ပါတယ်။ ကိုယ်ကထွက်သွားလိုက်တော့ သူတို့အားပေးတိုင်းလိုက်မလုပ်ဘူးဖော်ပြရာရောက်ပါတယ်။
ရွယ်တူသူငယ်ချင်းတွေရဲ့ ဖိအားကို ရှောင်လွှဲနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ဘာလုပ်မယ် အခြေအနေကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ ကိုယ်ဆုံးဖြတ်နိုင်ပါတယ်။ ကိုယ်ကိုတိုင် ရွေးချယ်ရမှာပဲ ဖြစ်တယ်။
ရွယ်တူတွေ ဖိအားပေးတိုင်း လိုက်လုပ်မယ်ဆိုရင်၊ သူတို့ ထိန်းချုပ်တဲ့အတိုင်းလုပ်နေရတဲ့ “စက်ရုပ်” တူမယ်၊ စက်ရုပ်နဲ့ မတူတောင်မှ၊ ကိုယ့်ဖာသာစဉ်းစားတွေးခေါ်မြော်မြင်မှုအားနည်းသူ လူ့အန္ဓလို့ သတ်မှတ်ခံရနိုင်ပါတယ်၊ ကျပ်မပြည့်သူ၊ လူပေါ့၊လူညံ့၊ ရွယ်တူချင်းပေးတဲ့ ဖိအားကို တွန်းလှန်ပစ်နိုင်ရပါမယ်။
တကယ်တမ်းအပေါင်းအသင်းမိတ်ဆွေကောင်းဆိုတာ ကျောင်းနေကတည်းက ရှာဖွေတွေ့ရှိတားနိုင် တယ်။ တစ်ကျောင်းတည်းထွက်တွေ့ တစ်တန်းတည်းငယ်သူငယ်ချင်းတွေက သံယောဇဉ်အကြီးဆုံး ကျောင်းနေဖက်တွေဖြစ်နိုင်သလို၊ “စိတ်အနာကျည်းဆုံး”လဲဖြစ်သွားနိုင်ပါတယ်။ ဘယ်အရာမှ မစိုးရိမ်ရဘူး ဆိုတဲ့တိုင်း၊ ကောင်းတိုင်ပင်၊ ဆိုးတိုင်ပင် မိတ်ဆွေကောင်းရှိထားသူဟာ လောကဓံကို ရင်ဆိုင်တဲ့နေရာမှာ “နှာတစ်ဖျား”သာသွားတတ်တယ်။ ကလေးဘဝ၊ ကျောင်းသားဘဝ၊ လူငယ်ဘဝအနိုင်ကျင့်ခံရခြင်းကင်းဝေးတဲ့သူဟာ “လောကဓံကို ရင်ဆိုင်ရဲသူ” ဖြစ်သူလို့ဆိုပြန်တယ်။     ။
(ဒေါက်တာလွင်သန့်)






အခြားဆက်စပ်သတင်းများ