နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MPT ၏ ခေတ်မီအိတ်ချိန်းစက်များ ပြောင်းလဲတပ်ဆင်ပြီး၍ အော်တိုတယ်လီဖုန်းနံပါတ်များကို ပြောင်းလဲဆက်သွယ်နိုင်မည်

ရန်ကုန်  မေ  ၁၅

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီ ဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့်ပြောင်းလဲတပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း  ၇ လုံးပါရှိသည့် အော်တိုတယ်လီဖုန်း နံပါတ်အသစ်များဖြင့် ၂၀၂၀ ပြည့်နှစ်၊ မေ  ၃၁  ရက် တွင်စတင်ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိမိတို့၏ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ သြဂုတ်  ၃၁  ရက်အထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူ များသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။     

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ