နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာရှဘိလိယက်ချန်ပီယံရှစ်နှင့် ယူ−၂၁ စနူကာချန်ပီယံရှစ် ကျင်းပမည့်ရက်ကို ပြန်ထုတ်ပြန်မည်

ဧပြီ ၃

ယခုနှစ်တွင် ပြန်လည်ကျင်းပရန် စီစဉ်ထားသည့် အာရှဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ယူ−၂၁ စနူကာချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပမည့်ရက်ကို ပြန်လည်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်−၁၉ ရောဂါအခြေအနေကြောင့် အဆိုပါပြိုင်ပွဲကို ပြီးခဲ့သည့်နှစ်က ကျင်းပနိုင်ခြင်းမရှိဘဲ ယခုနှစ်တွင် ပြန်လည်ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ ယခုနှစ်အတွင်းကျင်းပရန် စီစဉ် ထားသည့် အာရှအဆင့်၊ ကမ္ဘာ့ အဆင့်ပြိုင်ပွဲများနှင့်ပတ်သက်၍ ကျင်းပမည့်ကာလ၊ အိမ်ရှင်နိုင်ငံတို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများက ပြန်လည်ထုတ်ပြန်သွားမည်ဖြစ်သည်။

နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၉ အာရှဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ယူ−၂၁ စနူကာချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာဘိလိယက်ကစားသမား နေသွေးဦးက ချန်ပီယံဆုရရှိခဲ့သည်။ နေသွေးဦးသည် အာရှဘိလိယက် ချန်ပီယံဆုကို ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ပြိုင်ပွဲကျင်းပနိုင်ခြင်းမရှိသဖြင့် လက်ရှိချန်ပီယံအဖြစ် ဆက်လက်ရပ်တည်နေသည်။

(SO)






အခြားဆက်စပ်သတင်းများ