နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီအဖွင့်ပြိုင်ပွဲဖြစ်သည့် ကမ္ဘာ့မသန်စွမ်းအက အားကစားပြိုင်ပွဲကို ဂျီနိုအာမြို့တွင် လက်ခံကျင်းပမည်

ဧပြီ ၃

ရာသီသစ်အဖွင့်အဖြစ်ကျင်းပမည့် ကမ္ဘာ့မသန်စွမ်းအက အားကစားပြိုင်ပွဲကို အီတလီနိုင်ငံ ဂျီနိုအာမြို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်ဟု သိရသည်။

ကမ္ဘာ့မသန်စွမ်းအက အားကစားပြိုင်ပွဲကို ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီး ၁၈ လ ကြာမြင့်ခဲ့ပြီးနောက် ယခုနှစ်အတွင်းပြန်လည်ကျင်းပရန် စီစဉ်နေခြင်းဖြစ်ပြီး ဂျီနိုအာမြို့က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။  ဥရောပမသန်စွမ်းအက အားကစားပြိုင်ပွဲကို ယမန်နှစ်က ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပရန်စီစဉ်ထားခဲ့ကြသော်လည်း ကိုဗစ်−၁၉ ရောဂါကူးစက်ပျံ့နှံ့နေမှုကြောင့် ကျင်းပ နိုင်ခြင်းမရှိခဲ့ချေ။ ဥရောပမသန်စွမ်း အက အားကစားပြိုင်ပွဲမကျင်းပနိုင်ခဲ့သော်လည်း ကမ္ဘာ့မသန်စွမ်း အက အားကစားပြိုင်ပွဲကျင်းပနိုင်သဖြင့် ကျေနပ်သည်ဟု အကအားကစားအဖွဲ့ချုပ်တာဝန်ရှိသူ ကာမီလာက ပြောဆိုခဲ့သည်။

(SO)






အခြားဆက်စပ်သတင်းများ