နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုကျိုအိုလံပစ်ပြိုင်ပွဲ၏ဖန်တီးမှုဒါရိုက်တာ ဆာဆာကီ ရာထူးမှနုတ်ထွက်သွား

ဧပြီ ၃

တိုကျိုအိုလံပစ်ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် ဂျပန်အမျိုးသမီးဟာသသရုပ်ဆောင်နှင့် ဖက်ရှင်ဒီဇိုင်နာ နာအိုမီဝါတာနာဘီကို ဝက်နားရွက်များတပ်ဆင်ပေးကာ ပွဲထုတ်စေမည်ဟု ပြောဆိုခဲ့သောတိုကျိုအိုလံပစ် ပြိုင်ပွဲ၏ ဖန်တီးမှုဒါရိုက်တာ ဟီရိုရှီဆာဆာကီသည် ရာထူးမှနုတ်ထွက်သွားခဲ့သည်ဟု သိရှိရသည်။

ကိုယ်ခန္ဓာဝဖြိုးသော နာမည်ကျော်ဟာသသရုပ်ဆောင်မယ်နာအိုမီဝါတာ နာဘီနှင့်ပတ်သက်၍ ယခုလို ပြောကြားခဲ့မှုအတွက် ဆာဆာကီကို ဝေဖန်ပြစ်တင်မှုများထွက်ပေါ်လာခဲ့ပြီးနောက် တိုကျိုအိုလံပစ်၏ ဖန်တီးမှုဒါရိုက်တာ ဆာဆာကီရာထူးမှ နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။ မိမိ၏ ပြောဆိုချက်များမှာ နာအိုမီဝါတာနာဘီကို ကြီးမားစွာ စော်ကားမှုဖြစ်ခဲ့သည်ဟု ဆာဆာကီက ပြန်လည်တောင်းပန်ခဲ့သော်လည်း ဝါတာနာဘီဘက်ကမူ မည်သည့်တုံ့ပြန်ပြောဆိုမှုမျှ ပြုလုပ်ခဲ့ခြင်းမရှိချေ။ အသက် ၆၆ နှစ်အရွယ်ရှိပြီ ဖြစ်သော ဆာဆာကီသည် တိုကျိုအိုလံပစ်ပြိုင်ပွဲ၏ဖွင့်ပွဲနှင့်ပိတ်ပွဲအခမ်းအနားတို့ အတွက် ဖန်တီးမှုပိုင်းဆိုင်ရာ တာဝန်ယူ ထားသူဖြစ်သည်။

(SO)






အခြားဆက်စပ်သတင်းများ