နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစားအစာနှင့် ကိုလက်စထရောပါဝင်နှုန်းများ

ဧပြီ  ၃

ကိုလက်စထရောဆိုသည်မှာ သွေးထဲမှာစီးဆင်းနေသည့် အဆီမော်လီကျူးဖြစ်ပြီး၊ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုသည့် HDL ကိုလက်စထရော နှင့် ခန္ဓာကိုယ်ကိုဆိုးကျိုးပေးသည့် LDL ကိုလက်စထရော ဟူ၍ နှစ်မျိုးရှိသည်။ ကိုလက်စထရော ပမာဏများလျှင် ခန္ဓာကိုယ်တည်ဆောက်ရာမှာသာမက သွေးကြောတွေကိုပါ အနည်ကျပိတ်ဆို့စေသည်။ အထူးသဖြင့် နှလုံးသွေးလွှတ်ကြောများကို သွေးထောက်ပံ့မှု ကမောက်ကမဖြစ်စေသဖြင့် “နှလုံးရောဂါအစ၊ ကိုလက်စထရောက” ဟု မှတ်သားသင့်ပေသည်။ အရွယ်ရောက်ပြီးသူ တစ်ယောက်အတွက် တစ်နေ့လျှင် ကိုလက်စထရော အများဆုံး ၃၀ဝ မီလီဂရမ်ထက် မပိုသင့်ပေ။ သို့ပါ၍ ကျန်းမာရေးအသိစိတ်ဓာတ်ဖြင့် အစားအစာများကို ချင့်ချိန်ကာစားသောက်နိုင်ရန် အတွက် အစားအစာနှင့် ကိုလက်စထရော ပါဝင်နှုန်းထားများကို ယခုလို ဖော်ပြပေးလိုက်ရပါသည်။

(၁) ငါးကျပ်သား အလေးချိန်ရှိသော အမဲ(နွား)ကျောက်ကပ်တွင် ကိုလက်စထရော ၂၉၄ မီလီဂရမ် ပါရှိနေသည်။ (၂) ငါးကျပ်သား အလေးချိန်ရှိသော ဝက်ကျောက်ကပ်တွင် ကိုလက်စထရော ၂၈၆ မီလီဂရမ် ပါရှိနေသည်။ (၃) ငါးကျပ်သား အလေးချိန်ရှိသော အမဲ(နွား)အသည်းတွင် ကိုလက်စထရော ၂၇၄ မီလီဂရမ် ပါရှိနေသည်။ (၄) ငါးကျပ်သား အလေးချိန်ရှိသော ဝက်ကျောက်ကပ်တွင် ကိုလက်စထရော ၂၆၅ မီလီဂရမ် ပါရှိနေသည်။ (၅) ငါးကျပ်သား အလေးချိန်ရှိသော ဝက်အဆုတ်တွင် ကိုလက်စထရော ၂၅၁ မီလီဂရမ် ပါရှိနေသည်။ (၆) ငါးကျပ်သား အလေးချိန် ရှိသော ဝက်အမြစ်(အစာအိမ်)တွင် ကိုလက်စထရော ၁၅၂ မီလီဂရမ် ပါရှိနေသည်။ (၇) ငါးကျပ်သား အလေးချိန်ရှိသော အမဲ (နွား)နှလုံးတွင် ကိုလက်စထရော ၁၁၀ မီလီဂရမ် ပါရှိနေသည်။ (၈) ငါးကျပ်သား အလေးချိန်ရှိသော ဝက်လျှာတွင် ကိုလက်စထရော ၇၇ မီလီဂရမ် ပါရှိနေသည်။ (၉) ငါးဆယ်ဂရမ် ကြက်ဥကြီးတစ်လုံးထဲတွင် ကိုလက်စထရော ၁၉၈ မီလီဂရမ် ပါရှိနေသည်။ (၁၀) တစ်ဆယ့်ငါးဂရမ် ကြက်ဥအနှစ်တစ်လုံးထဲတွင် ကိုလက်စထရော ၁၉၀ မီလီဂရမ် ပါရှိနေသည်။

(၁၁) ငါးကျပ်သား အလေးချိန်ရှိသော ငါးရှဉ့်တွင် ကိုလက်စထရော ၁၄၉ မီလီဂရမ် ပါရှိနေသည်။ (၁၂) ငါးကျပ်သား အလေးချိန်ရှိ သော ပုစွန်ကျော့တွင် ကိုလက်စထရော ၁၆၆ မီလီဂရမ် ပါရှိနေသည်။ (၁၃) ငါးကျပ်သား အလေးချိန်ရှိသော ပုစွန်ထုပ်တွင် ကိုလက်စထရော ၁၂၂ မီလီဂရမ် ပါရှိနေသည်။ (၁၄) ငါးကျပ်သား အလေးချိန်ရှိသော ဆယ်လ်မွန်ငါးတွင် ကိုလက်စထရော ၇၀ မီလီဂရမ် ပါရှိနေသည်။ (၁၅) ငါးကျပ်သား အလေးချိန်ရှိသော ကြက်သားတွင် ကိုလက်စထရော ၇၅ မီလီဂရမ် ပါရှိနေသည်။ (၁၆) ငါးကျပ်သား အလေးချိန်ရှိသော ဆိတ်သားတွင် ကိုလက်စထရော ၆၇ မီလီဂရမ် ပါရှိနေသည်။ (၁၇) ငါးကျပ်သား အလေးချိန်ရှိသော ငန်းသား၊ ဘဲသားတွင် ကိုလက်စထရော ၆၂ မီလီဂရမ် ပါရှိနေသည်။ (၁၈) ငါးကျပ်သား အလေးချိန်ရှိသော အမဲ(နွား)သားတွင် ကိုလက်စထရော ၅၈ မီလီဂရမ် ပါရှိနေသည်။ (၁၉) ငါးကျပ်သား အလေးချိန်ရှိသော ဝက်သားတွင် ကိုလက်စထရော ၅၆ မီလီဂရမ် ပါရှိနေသည်။ (၂၀) နှစ်ကျပ်ခွဲသား အလေးချိန်ရှိသော ထောပတ်တွင် ကိုလက်စထရော ၁၉၂ မီလီဂရမ် ပါရှိနေသည်။ (၂၁) ငါးကျပ်သားအလေးချိန်ရှိသော မလိုင်တွင် ကိုလက်စထရော ၁၅၀ မီလီဂရမ် ပါရှိနေသည်။ (၂၂) ငါးကျပ်သားအလေးချိန်ရှိသော ရေခဲမုန့်တစ်ပွဲတွင် ကိုလက်စထရော ၆၀ မီလီဂရမ် ပါရှိနေသည်။ ထို့ကြောင့် ကိုလက်စထရော တက်သူများ အနေဖြင့် အနီရောင်ခြေလေးချောင်းသားကို လျော့စားပါ။ အဆီပါသော နွားနို့က မကောင်းတဲ့ LDL ကိုလက်စထ ရောကို အလွန်အမင်းမြင့်တက်စေသဖြင့် အဆီမပါသော နို့၊ ဒိန်ချဉ် များကိုသောက်ပါ။ ထောပတ် မစားပါနှင့်။  ကြက်ကြော်က  ကိုလက်စထရောတက်စေ၍ ကြက်ကင် စားပါ။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ