နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ဖက်ရည် တစ်နေ့တစ်ခွက်သောက်ခြင်းက နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကိုလျော့ချနိုင်

 ဧပြီ  ၁

အမေရိကန်နိုင်ငံ Baltimore ဒေသရှိ၊ Johns Hopkins ဆေးရုံမှ ကျန်းမာရေးသုတေသီများက လူဦးရေ ၆,၂၀၀ ကို လေ့လာဆန်းစစ်မှုများပြုလုပ်ခဲ့ရာ၊ လက်ဖက်ရည် နေ့စဉ် သောက်သုံးသူများသည် လုံး၀ မသောက်သုံးသူတွေထက်  နှလုံးဝေဒနာအမျိုးမျိုးအပြင် နှလုံးနှင့်သက်ဆိုင်သော လေဖြတ်ခြင်းတို့ ဖြစ်နိုင်ချေအလားအလာ ၃၅ ရာခိုင်နှုန်း လျော့နည်းစေသည်ကို လေ့လာတွေ့ရှိခဲ့ကြသည်။

ထိုမျှမက လက်ဖက်ရည်က နှလုံးတစ်ဝိုက်ရှိ သွေးလွှတ်ကြောများထဲမှာ ကယ်လ်စီယမ် အနည်ကျ ပိတ်ဆို့ခြင်းကိုလည်း လျော့နည်းစေကြောင်း သိရသည်။ ထို့ကြောင့် ယင်းဆေးရုံ ရှိ သုတေသီအဖွဲ့က “ကဖိန်းဓာတ်မပြင်းလွန်းတဲ့ လက်ဖက်ရည်တစ်ခွက်ကို နေ့တိုင်းပုံမှန်သောက်တဲ့အခါ နှလုံးသွေးလွှတ်ကြော နံရံတွေမှာ ကယ်လ်စီယမ်ပိတ်ဆို့တာကို လျော့ချပေးနိုင်တာကြောင့်၊ ယင်းနဲ့ ဆက်စပ်နေတဲ့ နှလုံးရောဂါ ပြဿနာတွေကို လျော့ပါးသွားနိုင်တယ် ” ဟု အာရီဇိုးနားပြည်ရှိ The American HealthAssociation တွင် အတည်ပြုပြောကြားခဲ့သည်။ ကဖိန်းဓာတ် (ခေါ်) ဓာတုပစ္စည်းတစ်မျိုးက လူသားတွေအတွက် သင့်တင့်မျှတ သည့် ပမာဏကို ရရှိပါက၊ ဆဲလ်တွေ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်သည့်အပြင် ခန္ဓာကိုယ် အလေးချိန်လည်း ကျဆင်းအောင် ကူညီပေးနိုင်ပါသည်။

ထိုင်၀မ်သုတေသီများ၏ လေ့လာမှုမှတ်တမ်းများအရ၊ လက်ဖက်ရည်ကို တစ်နေ့တစ်ခွက်နှုန်းဖြင့် တစ်နှစ်တိတိ (သို့မဟုတ်) တစ်နှစ်ထက်ပို၍ သောက်သုံးသူတွေမှာ နှလုံးသွေးကြော ကြွတ်ဆတ်မှု လျော့ပါးသွား သည်ကိုလေ့လာတွေ့ရှိခဲ့ရသည်။ The American Journal of Clinical Nutrition (ခေါ်) အမေရိကန်နိုင်ငံထုတ် အာဟာရပြု ဂျာနယ်တစ်စောင်ကလည်း လ္ဘက်ရည်ကို ပုံမှန် သောက်သုံးပေးခြင်းဟာ လေဖြတ်နိုင်မှု အလား အလာလျော့စေကြောင်း ရေသားဖော်ပြခဲ့သည်။

The European Journal of Epidemiology (ခေါ်)ကူးစက်ရောဂါပြန့်ပွားခြင်း နှင့် ကာကွယ်ခြင်းဆိုင်ရာ ဂျာနယ်တစ်စောင်ကလည်း၊ လူပေါင်း ၈၅၆,၀၀၀ ဦးကို ၂၄ ကြိမ်တိတိ လေ့လာခဲ့ပြီးနောက် “ လက်ဖက်ရည် သောက်ပါ။ နှလုံးရောဂါ၊ နှလုံးသွေးကြောရောဂါ၊ လေငန်းရောဂါ၊ ဦးနှောက်နဲ့ပတ်သက်သော ရောဂါ၊ အကြောနဲ့ပတ်သက်တဲ့ရောဂါတွေကို ကုသနိုင်ဖို့အတွက် လက်ဖက်ရည်က တစ်ဖက်တစ်လမ်းက ကောင်းကျိုး ပြုတယ် ” ဟု ရေးသားဖော်ပြ ထားသည်။ သို့ပါ၍ နှလုံးရောဂါနှင့် လေဖြတ်ခြင်း မဖြစ်စေဖို့အတွက် ကဖိန်းဓာတ် မပျော့လွန်း မပြင်းလွန်းသော လက်ဖက်ရည်တစ်ခွက်ကို နေ့စဉ် သောက်သုံးနိုင်ကြပါရန်အကြံပြု လိုက်ရပါသည်။   

 ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ