နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သရက်သီးခူးဆွတ်ရန် အသင့်တော်ဆုံးအချိန်

မတ်       ၃၀

 သရက်သီးအညှာမှ ထွက်ရှိသောအဖြူရောင်အစေးများက လူ့အရေပြားကို အပူလောင်နာဖြစ်စေသည်။ ထို့ကြောင့် အပင်ပေါ်ရှိသရက်သီးများကို ခူးဆွတ်ရာတွင် အစေးလောင်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန် နည်းလမ်းကောင်းတချို့ကို အကြံပြုလိုက်ရပါသည်။ သရက်သီးကိုရင့်မှ ခူးဆွတ်ရပါမည်။ ညနေပိုင်းတွင် သရက်စေးထွက်ရှိမှု အားနည်းတတ်သောကြောင့် ညနေမှ ခူးဆွတ်သင့်ပါသည်။

 သရက်သီးကိုလက်တွင် ရေစိုအဝတ်ပတ်ပြီး၊ ဝါးခြင်းချုတံစသည့် ပစ္စည်းများဖြင့် သေသေချာချာခူးဆွတ် ကိုင်တွယ်ရပါမည်။ အစေးလောင်ခြင်းမှ ကင်းဝေးစေရန်အတွက် အခွံမနွှာခင် သရက်သီးအညှာပိုင်းကိုဓားဖြင့်လှီးဖြတ်ပြီး ရေထဲတွင် တအောင့်ကြာမျှ စိမ်ထားသင့်ပါသည်။
ထိုသို့ စိမ်ထားခြင်းကသရက်သီး၏ အရသာကိုမပျက်ပြယ်စေနိုင်ပေ။ သရက်သီးမှည့်စားသော အခါ တွင်လည်းသရက်သီးအစေ့ကိုပါးစပ်နှင့်မစုပ်ပါနှင့်။ လျှာနှင့်နှုတ်ခမ်းများအစေးလောင်တတ်ပါသည်။ အမှည့်လွန်သောသရက်သီးများကို နှမြောတသစွာဖြင့် မစားမိပါစေနှင့်။ ဝမ်းလျှောဝမ်းပျက်စေနိုင်ပါသည်။ သရက်သီးသည် ယင်ကောင်ကြိုက် အစားအစာဖြစ်သောကြောင့်၊ ယင်ကောင်ပေါများလွန်းသည့် မိုးရာသီမှာ သရက်သီးခွဲစိပ်နေစဉ်နှင့် မစားသေးခင်အချိန်များတွင် ယင်မနားအောင် အထူးဂရုစိုက်ပါ။ ယင်ကောင်နားထားသော သရက်သီးကိုစားမိပါကဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေနိုင်ပါသည်။

သရက်သီးကို လတ်လတ်ဆတ်ဆတ်နှင့် သန့်သန့်ရှင်းရှင်းခွဲစိပ်ပြီးချက်ချင်းစားသင့်ပါသည်။ အကယ်၍ ချက်ချင်းမစားဖြစ်သေးပါက၊ ရေခဲသေတ္တာထဲတွင်သိမ်းပါ (သို့မဟုတ်) လေဝင်လေထွက်ကောင်းကာ ယင်လည်းမနားနိုင်သည့် အုပ်ဆောင်းဖြင့် ဖုံးအုပ်ထားပါ။ အချို့သောဝိသမလောဘဈေးသည်များသည် ဈေးကောင်းရရှိရေးအတွက် မရင့်မာသေးသော (Un maturity) သရက်သီးများအားမှည့်ဆေးများဖြင့် တို့ခြင်း၊ စိမ်ခြင်းပြုကာရောင်းချတတ်ကြ၍ အရွေးမမှားဖို့တော့ လိုပါသည်။

သရက်သီးစိမ်းများကိုမှည့်လာနိုင်ရန် သဘာဝနည်းလေးများရှိကြသည်။ ၎င်းတို့မှာ ကောက်ရိုးဖြင့် အုပ်ပါ။ ဆန်အိုးထဲထည့်သိမ်းပါ။ စီဖြန့်ထားသောသရက်သီးများပေါ်တွင် ကြက်သွန်နီတချို့ကြားညှပ်တင်ထားပါ။ အထူးသတိပြုရန်မှာသရက်သီးတို့၏ သဘောသဘာဝသည် အသီးပုပ်တစ်လုံးကိုတခြားကောင်းမွန်သောအသီးများနှင့် ရောနှောထားမိပါက သရက်သီးအားလုံးပုပ်ကုန်တတ်သည်။ ထို့ကြောင့် အသီးပုပ်နှင့် အသီးကောင်းများကိုစနစ်တကျ သီးခြား စီထားပေးသင့်ပါသည်။            

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ