နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သွားနှင့်ဆက်စပ်ကျန်းမာရေး

 မတ်      ၃၀
 သွားရောဂါဟာခံတွင်း၊ နား၊ နှာခေါင်းရောဂါအချို့နဲ့ဆက်စပ်နေကာ၊ ခန္ဓာကိုယ်တွင်းပြဿနာအရပ်ရပ်နဲ့ဆက်စပ်နေပါတယ်။ အများစုကခံတွင်းမှာဖြစ်တတ်တဲ့ သွားနာ၊ သွားကိုက်တာ၊ သွားဖုံးသွေးယိုတာ၊ သွားမှာအရောင်စွန်းထင်မှုရှိတာ၊ ခံတွင်းမှာအနာဖြစ်တာစတာတွေကခံတွင်းရောဂါများအဖြစ်မှတ်ယူကုသ ကြပါတယ်။ ပျောက်ကင်းပြီဆိုပြီးပေါ့ပေါ့နေလို့တော့မရပါဘူး။
(၁) သွားကိုက်ခြင်း
နေ့စဉ်မနက်နဲ့ညနှစ်ကြိမ်၊ သွားကိုသွားတိုက်ဆေးသွားပွတ်တံနဲ့(၂)ကြိမ်သွားတိုက်သင့်ပါတယ်။ လူတွေကကျန်းမာရေးလိုက်စားတယ်ဆိုရင်အဝတ်အစားနဲ့ရေချိုးခြင်းလောက်ပဲအဓိကထားတတ်တယ်။ သွားကိုက်ရင်၊ သည်လိုမလုပ်ခဲ့လို့ပါလား။ သွားကို ဖာတန်ဖာ၊ နုတ်တန်နုတ်ပစ်သင့်ပါတယ်။ သုံးရက်လောက်စားဆေးနဲ့ မသက်သာရင်၊ ဆရာဝန်နဲ့ပြသဖို့ကြိုးစားသင့်ပါတယ်။အပေါ်သွားကိုက်တာဟာ၊ နှာခေါင်းအတွင်းရှိရိုးတွင်းလေအိတ်ငယ်တွေထဲပိုးဝင်လို့ဖြစ်နိုင်တယ်။ အပေါ်သွားရဲ့အမြစ်အပေါ်မှာနှာခေါင်းတွင်းရှိရိုးတွင်းလေအိတ်ငယ်တည်ရှိနေပါတယ်။
(၂) သွားမှာအရောင်စွန်းထင်ခြင်း
သွားအရောင်ညိုတာ၊ ဝါတာဟာကွမ်းယာ၊ ကော်ဖီ၊လက်ဖက်၊ ဆိုဒါနဲ့ဝိုင်အနီစားသောက်တာတွေ ကြောင့် ဖြစ်နိုင်တယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ပါတဲ့သွားတိုက်ဆေးကသွားမှာရှိတဲ့ အစွန်းအထင်းတွေဖယ်ရှား ရှင်းလင်းပေးနိုင်ပါတယ်။ အမည်းစက်၊ အညိုစက်တွေရှိနေတာအနီရောင်၊ အပြာရောင်သမ်းနေတာမျိုးသွားမှာ တွေ့ရင်၊ သွားနဲ့တာ၊ သွားကျိုးတာမျိုးဖြစ်နိုင်လို့သွားနဲ့ခံတွင်းဆရာဝန်ထံပြသစစ်ဆေးသင့်ပါတယ်။
 သွားမှာ အဖြူစက်၊ အဝါစက်၊ အညိုစက်တွေနဲ့အပေါက်တွေ၊ အချိုင့်တွေရှိနေတာက အူသိမ်ရောဂါနဲ့ဆက်စပ်နေတယ်။ အူသိမ်ရောဂါရှိသူတွေရဲ့ ၉၀ ရာခိုင်နှုန်းမှာ သွားရဲ့ကြွေလွှာနဲ့ပတ်သက်တဲ့ ပြဿနာအချို့ခံစားနေရတာတွေ့ရှိရပါတယ်။ ကလေးဘဝကတည်းက အူသိမ်ရောဂါရှိသူတွေဟာအာဟာရ ချို့တဲ့ပြီးသွားကြွေလွှာဖွံ့ဖြိုးမှုကိုထိခိုက်စေတာတွေ့ရတယ်။ ပဋိဇီဝဆေးဖြစ်တဲ့ တက်ထရာဆိုင်းကလင်းကကလေးကြွေသွားကိုအရောင်ပြောင်းစေပါတယ်။
 (၃) သွားဖုံးမှသွေးယိုခြင်း
သွားဖုံးကနေသွေးထွက်တာကပုံမှန်မဟုတ်ပါဘူး။ သွားတိုက်တိုင်းသွားဖုံးကနေ၊ သွေးထွက်တာ၊ သွားကြားပွတ်ကြိုးသုံးတိုင်းသွားဖုံးကသွေးထွက်တာကသွားဖုံးရောဂါတစ်ခုခုရှိနေလို့ဖြစ်နိုင်တာကြောင့် အိမ်တွင်းကုသမှုတစ်မျိုးမျိုးကိုအသုံးပြုသင့်ပါတယ်။ သွားနဲ့ခံတွင်းဆရာဝန်နဲ့ပြသသင့်တယ်။ ခံတွင်းသန့်ရှင်းရေးကိုတစ်နေ့ နှစ်ကြိမ်ပြုလုပ်သင့်တယ်။ သွားကြားပွတ်ကြိုးကိုတစ်နေ့တစ်ကြိမ်အသုံးပြုသင့်တယ်။ ခံတွင်းမှာရောဂါဖြစ်ပါကဘက်တီးရီးယားပိုးတွေ၊ သွားဖုံးသွေးယိုတာတွေဖြစ်စေပါတယ်။ ဘက်တီးရီးယားတွေကသွေးစီးကြောင်းထဲဝင်ပြီးသွေးကြောရောင်ရမ်းကာနှလုံးထိခိုက်နိုင်တယ်။ လေ့လာမှုတို့အရသွားဖုံးရောဂါနဲ့လမစေ့ကလေးမွေးဖွားမှုဆက်စပ်နိုင်ချေရှိတယ်လို့တွေ့ရှိထားတယ်။
 (၄) သွားကျိုးခြင်း၊ သွားပဲ့ခြင်း
သွားကျိုးတာ၊ သွားပိုးစားတာတွေဖြစ်ရင်၊ ခန္ဓာကိုယ်ကျန်းမာရေးထက် စိတ်ကျန်းမာရေးစစ်ဆေးသင့် တယ်ဆိုတယ်။ စိတ်ဖိစီးမှုများလို့သွားကြိတ်တာကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများပါက မေးရိုးကြွက်သား တွေတင်းပြီး ညအိပ်ချိန်မှာသွားကြိတ်တာဖြစ်တတ်တယ်။ ခေါင်းကိုက်တာ၊ မေးရိုးညောင်းတာနဲ့မေးရိုးဆက်တဲ့နေရာပျက်စီးတာတွေဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုကို ဖြေဖျောက်လိုက်တာကအကောင်းဆုံးကုသနည်းပဲဖြစ်တယ်။ စိတ်ဖိစီးမှုကိုအိပ်ရာမဝင်မီစိတ်ကိုငြိမ်းချမ်းအောင်၊ ကိုးကွယ်ရာဘာသာတရားလုပ် ဆောင်သင့်တယ်။ ကြက်သီးနွေးရေချိုးသင့်တယ်။ နွားနို့ပူပူသောက်သင့်တယ်။ သွားကြိတ်တာရှောင်ဖို့၊ သွားအကာတပ်ပြီးအိပ်သင့်ပါတယ်။
     (၅) ခံတွင်းအနာဖြစ်ခြင်း
ခံတွင်းထဲမှာဖြစ်စေ၊ ပါးစပ်အပြင်မှာဖြစ်စေအနာဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းအပြောင်းအလဲ၊ ဓာတ်မတည့်မှု၊ သံဓာတ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင်ဘီတွဲစတဲ့ချို့တဲ့မှုတွေလည်းဖြစ်ပွားနိုင်ပြီး အက်ဆစ်ဓာတ် ပါဝင်တဲ့အချဉ်စာတွေနဲ့အစပ်စာတွေအလွန်အကျွံစားသောက်တာကြောင့်လည်းဖြစ်တတ်ပါတယ်။ ရေယုန်          ဗိုင်းရပ်ပိုးကြောင့်နှုတ်ခမ်းပေါ်မှာအရည်ကြည်ပုံစံနဲ့ရေယုန်ပေါက်တာဖြစ်တတ်ပါတယ်။
ကျန်းမာရေးနဲ့ဆက်စပ်မှုဟာနှစ်ပတ်လောက်အတွင်း အနာကျက်ပြီးပျောက်ကင်းသွားတတ်ပေမယ့် အနာကအနီရောင်၊ အဖြူရောင်ပြောင်းတာရောင်ရမ်းလာတာတွေ့ရှိပါက၊ ဆရာဝန်နဲ့အမြန်ဆုံးပြသကာ၊ စစ်ဆေးမှုခံယူသင့်တယ်။ အလိုအလျောက်ခုခံအားစနစ်တိုက်ခိုက်မှုကြောင့်ဖြစ်တဲ့ရောဂါ(သို့)ခံတွင်းကင်ဆာ ဖြစ်နိုင်ပါတယ်။
(၆) လျှာမှာအဖြူဖုများကြီးလာခြင်း
ကြည့်လိုက်ရင်လျှာပေါ်မှာ အဖြူရောင်အလွှာတစ်လွှာကပ်နေသလိုမျိုးမြင်ရပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းတာ၊ အာခေါင်ခြောက်တာနဲ့ဆေးဝါးသောက်သုံးရတာတွေကြောင့်ဖြစ်တတ်ပါတယ်။ ဘက်တီးရီးယားတွေပေါက်ပွားမှုများတာကြောင့် ဖြစ်တာကလေးငယ်တွေမှာတွေ့ရနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ လျှာနောက်ဘက်ဆီက အဖြူရောင်၊ အဖြူရောင်ဖုလေးတွေရောင်ရမ်းတာဟာအိပ်ချအိုင်ဗွီ(HIV / AIDS)ဗိုင်းရပ်ပိုးနဲ့ဆက်စပ်နေပါတယ်။ အပြာရောင်ဖြစ်ပါကသွေးခဲဖတ်တွေကြောင့် ဖြစ်နိုင်တယ်။ အပြာရောင် ဖြစ်ရင်သွေးခဲဖတ်ကြောင့်ဖြစ်နိုင်သလိုခံတွင်းကင်ဆာလည်းဖြစ်နိုင်ပါတယ်။
      (၇) သတ္တုအရသာရခြင်း
ဆေးသောက်ပြီးနောက်လျှာပေါ်မှာသတ္တုအရသာမျိုးရတတ်ပါတယ်။ ဟစ်တမင်းတားဆေး(Antihistamine)ဆေး၊ ပဋိဇီဝပိုးသတ်ဆေးနဲ့နှလုံးရောဂါကုသဆေးအချို့သောက်သုံးပြီးနောက် သတ္တုအရသာမျိုးရရှိတတ်ပါ တယ်။ကျန်းမာရေးနဲ့ပတ်သက်လို့သွားဖုံးရောဂါအချို့ရဲ့လက္ခဏာလည်းဖြစ်တယ်။ ခံတွင်းသန့်ရှင်းရေးကိုဂရုတစိုက်လုပ်ဆောင်ဖို့လိုပါတယ်။ ဇင့်ဓာတ်ချို့တဲ့ရင်ဖြစ်တတ်ပါတယ်။ သတ်သတ်လွတ်စားသုံးသူတွေမှာဖြစ်တတ်တာတွေ့ရပါတယ်။ ကမာကောင်၊ အမဲသား၊ ဂဏန်း၊ ဇင့်ဓာတ်ဖြည့်စွက်ထားတဲ့ ကွေကာ၊ ဝက်သားတွေကနေဇင့်ဓာတ်ကိုကြွယ်ဝစွာရရှိနိုင်ပါတယ်။
      (၈) အနံ့ဆိုးထွက်ခြင်း
ကြက်သွန်ဖြူစားလို့ခံတွင်းက အနံ့ထွက်တာမျိုးရှိသလို၊ဘက်တီးရီးယားတွေကပေါက်ပွားနေလို့ခံတွင်း အနံ့ဆိုးဖြစ်စေပါတယ်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သွားတိုက်သင့်ပါတယ်။ တစ်နေ့တစ်ကြိမ်သွားကြားပွတ် ကြိုးအသုံးပြုသင့်ပါတယ်။  ကျန်းမာရေးနဲ့ဆက်စပ်လို့အသက်ရှုလမ်းကြောင်းမှာ ရောဂါရှိတာ၊ သွေးချို၊ဆီးချိုကိုထိန်းမရတာစားချဉ်ပြန်ရောဂါရှိတာကျောက်ကပ်စွမ်းဆောင်ရည်ကျဆင်းတာစတာတွေကြောင့်ဖြစ်နိုင်ပါ တယ်။ ခံတွင်းနံ့ကသစ်သီးနံ့ဖြစ်နေခဲ့ရင် ဆီးချိုသွေးချိုရောဂါရဲ့လက္ခဏာတစ်ရပ်ဖြစ်နေနိုင်ပါတယ်။
ခန္ဓာကိုယ်မှာအင်ဆူလင်ဟော်မုန်းမလုံလောက်ခဲ့ရင်သကြားကို စွမ်းအင်အဖြစ်မပြောင်းလဲနိုင်လို၊ အဆီကိုဖြိုခွဲပြီး၊ စွမ်းအင်အဖြစ်ပြောင်းလဲသွားတယ်။အဆီကိုဖြိုခွဲတဲ့အခါဘေးထွက်ဆိုးကျိုးအဖြစ် ကီတုန်း ထွက်လာပြီး၊ ခံတွင်းအနံ့က၊ သစ်သီးအနံ့ထွက်လာပါတယ်။
သွားကျန်းမာရေးကလူသားရဲ့ကျန်းမာရေး(၃၀%)လောက်အထောက်အကူပြုနိုင်တာကြောင့် သွားရောဂါခံတွင်းရောဂါကင်းရှင်းရေးစနစ်တကျဆောင်ရွက်သင့်ပါတယ်။ ကျန်းမာရေးအတွက်မိသားစုသွား ဆရာဝန်နဲ့ပြသင့်တယ်။    ။                                ဒေါက်တာလွင်သန့်






အခြားဆက်စပ်သတင်းများ