ရန်ကုန် မေ ၁၅
ပြည်သူ့ကျန်းမာရေးနှင့်ဈေးများဌာန လုပ်ငန်းတာဝန်ခံအဖွဲ့တောင်ပိုင်းခရိုင်မှူး ဒေါ်ခင်စောနွယ်၏ စီမံလမ်းညွှန်မှုဖြင့် တာမွေမြို့နယ် ရာပြည့်ဈေးတာဝန်ခံဦးဝင်းသိန်းနှင့် ဝန်ထမ်းများသည် နေ့စဉ်ဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်များအား Mask နှာခေါင်းစည်း တပ်ဆင်ရောင်းဝယ်ကြရန်နှင့် Mask နှာခေါင်းစည်းတပ်ဆင် ခြင်းမရှိပါက အရေးယူခံရမည်ဖြစ်ကြောင်း လိုက်လံနှိုးဆော်လျက်ရှိသည်ကို မေ ၁၅ ရက် နံနက်က တွေ့မြင်ရစဉ်။
မောင်မောင်