နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေဓာတ်ခန်းခြောက်ခြင်းကို ဖော်ပြနေသော လက္ခဏာများ

မတ် ၂၆

ရေဓာတ်အလွန်များပြားစွာ ဆုံးရှုံးသွားချိန်တွင် ခန္ဓာကိုယ်က ထိန်းညှိနိုင်မှုမရှိတော့ခြင်း (သို့မဟုတ်) ရေဓာတ်ခန်းခြောက်လာခြင်းကို ဖြစ်စေသည်။ အသေးစားရေဓာတ်ခန်းခြောက်မှုမှ ပြင်းထန်သော ရေဓာတ် ခန်းခြောက်မှုအထိ ရောဂါ လက္ခဏာ များတွင် ရေဆာလောင်မှု ပိုမိုဆိုးလာခြင်း၊ ခံတွင်းခြောက်သွေ့ခြင်းနှင့် လျှာရောင်ရမ်းခြင်း၊ အားနည်းခြင်း၊ ခေါင်းမူးခြင်း၊ ရင်တလှပ်လှပ်ဖြစ်ခြင်း၊ စိတ်အာရုံရှုပ်ထွေးခြင်း၊ ရင်တုန်ခြင်း၊ ဆီးပမာဏလျော့နည်းခြင်း စသည်တို့ဖြစ်စေနိုင်သည်။ ရေဓာတ်ခန်းခြောက်မှု ခံစားနေရသူအတွက် တစ်ရက် ထက်ကျော်၍ အော့အန်ခြင်း၊ ကိုယ်အပူချိန် ၁၀၁ ဒီဂရီ ဖာရင်ဟိုက်ထက် ပို၍များခြင်း၊ နှစ်ရက်ကျော်လွန် သည်အထိ ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း၊ ဆီးနည်းခြင်း၊ အားနည်းခြင်းနှင့် အာရုံရှုပ်ထွေးခြင်း တို့ကြုံရပါက ဆရာဝန်နှင့် အဆောတလျင်ပြပါ။ အကယ်၍ ကိုယ်အပူချိန် ၁၀၃ ဒီဂရီ ဖာရင်ဟိုက်ထက်ပို၍ ဖျားနာပါက ခေါင်း ကိုက်ခြင်း၊ တက်ခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ ပြီးခဲ့သော ၁၂ နာရီအတွင်း ဆီးမသွားခြင်းကဲ့သို့ ပြဿနာများ ကြုံတွေ့ရပါက ယင်းလူနာကို အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးပါ။ အောက်ပါလက္ခဏာကြီး (၃) ရပ်က ရေဓာတ်ခန်းခြောက်ခြင်းကို ထင်ထင်ရှားရှား သိစေနိုင်သည်။

(၁) မကြာခဏ ခေါင်းကိုက်သည်။ ရေဓာတ်ခန်းခြောက်ခြင်းနှင့်အတူ ခန္ဓာကိုယ်ထဲတွင် ဆိုဒီယမ်နှင့် ပိုတက်စီယမ် ဆားဓာတ်များလည်း ဆုံးရှုံးသွားရသည်။ ယင်းအငန်ဓာတ်တွေ ဆုံးရှုံးခြင်းက သွေးထဲက ဓာတု ပစ္စည်းဖွဲ့စည်းမှုကို ကမောက်ကမဖြစ်စေပြီး၊ ခေါင်းကိုက်ခြင်းကို ဖြစ်လာစေသည်။ ရေဓာတ်ခန်းခြောက် လာလေလေ သွေးဖိအားကျဆင်းပြီး ဦးနှောက်သို့ အောက်စီဂျင်ရောက်ရှိမှု နည်းလာလေလေဖြစ်သည်။ ထို့ကြောင့် “ ရေဓာတ်ခန်းခြောက်ခြင်းအစ ခေါင်းကိုက် ခြင်းက”  ဟု သတိရှိပါ။ (၂) ဆီးအဝါရောင်သွားသည်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်အလုံအလောက်ရှိနေသော အချိန်တွင်၊ စွန့်ပစ်အရည် ပစ္စည်းများဟာ လွယ်လွယ်ကူကူ ထွက်ရှိလာနိုင်သည်။ အကယ်၍ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခန်းခြောက်သွားသောအခါ ဇီဝကမ္မဖြစ်စဉ်များ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ၊ အဖန်တလဲလဲ ခက်ခက်ခဲခဲချက်လုပ်ရသည်။ ထိုအခါ ဆီးကဲ့သို့သော စွန့်ပစ်အရည်ဓာတ်က ထွက်ရှိမှုပမာဏနည်းလာပြီး ဆီး၏အရောင်မှာ အဝါရောင် (သို့မဟုတ်) ပယင်းရောင် ရင့်ရင့်သို့ ပြောင်းလဲသွားသည်။ (၃) ဝမ်းချုပ်သည်။ ခန္ဓာကိုယ်မှစွန့်ပစ်ပစ္စည်းဖြစ်သော ဝမ်းကလည်း ဆီးကဲ့သို့ပင် အရည်တစ်မျိုးဖြစ်သည်။ ရေဓာတ်ရှိမှသာ အူမကြီးကို ကောင်းစွာအလုပ်လုပ်စေပြီး မလိုလား အပ်သော အစာဟောင်းများကို လွယ်လွယ်ကူကူ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ပေးနိုင်သည်။ ထို့ကြောင့် ရေဓာတ်ခန်းခြောက်သောအခါ ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်သည်။ အရွယ်ရောက်ပြီးသူ လူသားတိုင်း သန့်ရှင်း သော သောက်ရေကို တစ်နေ့လျှင်အနည်းဆုံး (၈) ဖန်ခွက်မျှ သောက်သုံးသင့်သည်။       

         ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ