နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ပေါ်ရွာမှ အိမ်ထောင်စုများကို မြို့ပြအိမ်ရာတိုက်ခန်းများသို့ ရွှေ့ပြောင်းပေး

မေ  ၁၅၊  ဘေဂျင်း

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ မီတာ ၈၀၀ ကျောက်ဆောင်အိမ်များတွင် နေထိုင်သည့် ရွာသူရွာသား ဒါဇင်ပေါင်းများစွာကို မြို့ပြအိမ်ရာများသို့ ရွှေ့ပြောင်းပေးခဲ့ပြီဖြစ်သည်။
အတူလီရာရွာတွင် နေထိုင်သည့် လူကြီး၊ လူငယ်များမှာ အုန်းဆံလှေကားများကို ခဲရာခဲဆစ် တွယ်တက်ပြီး တောင်တက်၊ တောင်ဆင်းလုပ်နေရသည့် ဓာတ်ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက် အတူလီရာရွာမှာ နာမည် ကျော်ကြားလာခဲ့သည်။ ထို့နောက်တွင် အစိုးရက စတီးလှေကားများ တပ်ဆင်ပေးခဲ့သည်။ ယခုအခါတွင် ဆင်းရဲမွဲတေမှု သက်သာလျော့ပါးစေရေး လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအဖြစ် အိမ်ထောင်စု ၈၄ ခုကို ကီလိုမီတာ ၇၀ နီးပါး ကွာဝေးသည့် ကျောက်ကျဲမြို့တွင် အသစ်ဆောက်လုပ်ထားသည့် မြို့ပြအိမ်ရာတိုက်ခန်းများသို့ ရွှေ့ပြောင်းပေးခဲ့သည်။

တရုတ်နိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်အကုန်တွင် ဆင်းရဲမွဲတေမှု အဆုံးသတ်ရန် ရည်ရွယ်သည့် နိုင်ငံတော်အဆင့် လှုပ်ရှားမှု ပြုလုပ်လျက်ရှိသည်။ ယီမျိုးနွယ်စုမှ ဆင်းသက်လာပြီး အတူလီရာရွာတွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသည့် ရွာသားများတွင် မြို့ပြအိမ်ရာ တိုက်ခန်းများတွင် ပြောင်းလဲနေထိုင်ခြင်းမှာ ကြီးမားသည့် အပြောင်းအလဲတစ်ရပ် ဖြစ်သည်။ တရုတ်နိုင်ငံပိုင်မီဒီယာ China Daily ၏ ဖော်ပြချက်အရ တိုက်ခန်းများသို့ ပြောင်းရွှေ့နေထိုင်သူ တစ်ဦးအတွက် ယွမ် ၂၅၀၀ (အမေရိကန်ဒေါ်လာ ၃၅၂ ဒေါ်လာ) ပေးရမည်ဖြစ်ရာ မိသားစုလေးဦးရှိသည့် အိမ်ထောင်စုတစ်စုအနေဖြင့် ယွမ် ၁၀၀၀၀ အထိ ကုန်ကျမည်ဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ