နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အက်စပရင်ကပြင်းထန်ကိုဗစ်ရောဂါသေဆုံးမှုလျော့ကျစေ

 မတ် ၂၅

ဆေးရုံတက်ရောက်နေတဲ့ ပြင်းထန်တဲ့ ကိုဗစ်လူနာတွေဟာ အဆက်မပြတ်သွေးခဲခြင်းရောဂါနဲ့ သေဆုံးသွားတတ်တယ်။ ဆေးရုံတက် ကိုဗစ်လူနာများကို သွေးမခဲဆေး (Anticoagulant)ဆေးအက်စပရင် (Aspirin)သောက်ဆေးက သေလုမျောပါးအခြေအနေ တိုးတက်ကောင်းမွန်စေတယ်ဆိုတယ်။ ခုလိုမှတ်ချက်ပေး ရအောင်လိုအပ်တဲ့ စမ်းသပ်မှုနဲ့လေ့လာမှုများစွာ လိုအပ်နေပါတယ်။

ကိုဗစ်ကပ်ရောဂါကာလမှာ ကိုဗစ်ရောဂါပြင်းထန်စွာ ခံစားရပြီး သေဆုံးရသူတွေထဲမှာ အဆက်မပြတ် သွေးခဲခြင်းကြောင့် သေဆုံးရတာပိုများပြားလာတာ တွေ့ရှိရပါတယ်။  အခြားလေ့လာမှုတစ်ခုမှာ ပုံမှန်မဟုတ် တဲ့ စေးကပ်မှုကြောင့် သွေးခဲမှုပိုမိုဆိုးရွားလာတယ် ဆိုပါတယ်။  သုတေသီတွေဟာ ကိုဗစ်လူနာများနဲ့ သွေးမခဲဆေးအက်စပရင်(Aspirin)ကိုသွေးမခဲဆေးအဖြစ်သုံးစွဲစေရာမှာ၊ကိုဗစ်ကြောင့်သေဆုံးမှုလျော့ကျ စေကြောင်းသုတေသီကဆိုတယ်။ ဒေါက်တာ ဂျွန်နသင်ခရိုး(Prof Jonathan Crow M.D)ဂျော့ဝါရှင်တန် တက္ကသိုလ်ဝါရှင်တန်မြို့ ဆေးကောလိပ်၊ မေ့ဆေးပညာဌာနက လေ့လာတွေ့ရှိထားပါတယ်။   သွေးမခဲအောင် အက်စပရင်(Aspirin)က သွေးမခဲစေတဲ့နည်းနဲ့ ကူညီပေးကာ သွေးလှည့်ပတ်မှုစနစ်ထဲ ပိတ်ဆို့မှု(Thrombi)အဖြစ် မဖြစ်စေဖို့ နှလုံး၊ ဦးနှောက်၊ အဆုတ်နှင့်ခန္ဓာကိုယ်တွင်း အင်္ဂါများသွေးလှည့်ပတ်မှုပုံမှန် ဖြစ်စေရေး ဆောင်ရွက်ပေးနိုင်တယ်ဆိုတယ်။

အက်စပရင်(Aspirin)ကို သွေးခဲခြင်းကာကွယ်ဖို့အရင်ကတည်းက ပေးခဲ့ကြပါတယ်။ ခုလို ကိုဗစ်လူနာအဆက်မပြတ်သွေးခဲခြင်းမှာ သွေးမခဲအောင်ကူညီပေးနိုင်လို့ ကိုဗစ်ကြောင့် သေဆုံးနှုန်းကျဆင်းစေပါတယ်။   အက်စပရင်ဆေး အနည်းငယ်နေ့စဉ်ပေးထားရုံနဲ့ ကိုဗစ်ပြင်းထန်ရောဂါရဲ့အဆက်မပြတ်သွေးခဲခြင်း ရပ်တန့် သွားတာ အံ့မခန်းစရာပါပဲ။ အက်စပရင်က ကိုဗစ်ကြောင့် ဆေးရုံတက်ရောက် သေဆုံးနှုန်းလျော့ချစေကြောင်း အငြင်းပွားစရာမရှိပါဘူး ဆိုပါတယ်။

အက်စပရင်စားဆေးဟာ ဈေးနှုန်းလျော့ပြီး အများအပြားလည်း မသုံးစွဲရဘဲ ပုံမှန်အနည်းငယ်စားရုံနဲ့ သွေးမခဲအောင် ကူညီပေးတာက အံ့မခန်းပါပဲလို့ ဒေါက်တာခရို(Crow)က ဆိုတယ်။ ကိုဗစ်ကပ်ရောဂါမှာ မမျော်လင့်ဘဲ ရှာဖွေတွေ့ရှိမှုတစ်ခုပဲ ဖြစ်တယ်ဆိုတယ်။

သုတေသီဟာ နောက်ထပ်လေ့လာစရာများစွာ ရှိပါသေးကြောင်း ဆိုခဲ့တယ်။ သူရဲ့တွေ့ရှိတဲ့စာတမ်းကို "မေ့ဆေးနှင့်အကိုက်အခဲပျောက်ဆေးပညာ"ဂျာနယ်မှာ ပုံနှိပ်ဖော်ပြထားပါတယ်။

ဒေါက်တာလွင်သန့






အခြားဆက်စပ်သတင်းများ