နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက်ရှည်အနာမဲ့ရေး

ရန်ကုန် မတ် ၁၉
အဘိုး၊ အဘွား၊ မိခင်၊ ဖခင်များနှင့် သား၊ သမီး၊ မြေး၊ မြစ်များ အတူတကွ ချစ်ချစ်ခင်ခင်နေထိုင်ခြင်း၊ အဘိုး၊ အဘွား၊ မိဘတို့ကို သား၊ သမီး၊ မြေး၊ မြစ်များက ရိုသေလေးစားခြင်း၊ ဦးထိပ်ပန်ဆင်ခြင်း၊ ကျေးဇူးဆပ်ခြင်း၊ ပြန်လည်ပြုစုစောင့်ရှောက်ခြင်း စသည့် ဓလေ့စရိုက်များသည် မြန်မာတို့၏ မယိုင်မလဲခိုင်မြဲလျက်ရှိသော ဓလေ့စရိုက်ပင်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံဖြစ်သော လက်ရည်တပြင်တည်းနေထိုင်ကြသည့် မိသားစုပုံသဏ္ဌာန်မပျက်ယွင်းရန် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ ထိုသို့ ထိန်းသိမ်းစောင့်ရှောက်နိုင် ရန်အတွက် သက်ရှည်ကျန်းမာစွာအနာရောဂါကင်းရှင်းရေး သတိပြုနေထိုင်ခြင်းသည် အဓိကကျသည်။
လူတစ်ဦးတစ်ယောက် ရောဂါဖြစ်ခြင်းအကြောင်းအရင်းကို ဆန်းစစ်သော် အစားအသောက်ကြောင့် ရောဂါ ဖြစ်ရခြင်း၊ ကူးစက်ရောဂါများကြောင့် ရောဂါဖြစ်ရခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း စသည့်အချက်သုံးချက် ပင် ဖြစ်သည်။ အစားအသောက်များကို အလွန်အကျွံစားသောက်ခြင်း၊ အဆီ၊ အဆိမ့်၊ အချို၊ အငန်များသော အစားအစာများကို စားသောက်ခြင်း၊ လူ၏ ခန္ဓာကိုယ်အာဟာရမျှတမှန်ကန်စွာ ဖြည့်တင်းပေးပါက ကျန်းမာခြင်း ကို ဖြစ်ပေါ်စေသည်။ တစ်ဖန်အထိုင်များခြင်း၊ အအိပ်များခြင်းကြောင့် လူကိုဝဖြိုးစေနိုင်သည်။ ကိုယ်လက် လှုပ်ရှားမှုနည်းပါးလျှင် ခန္ဓာကိုယ်ဆူဖြိုးလာပြီး အဝလွန်ခြင်းသို့ ရောက်ရှိလာနိုင်ပေရာ ကိုယ်လက်လှုပ်ရှားမှု အားကစားပြုလုပ်ခြင်းဖြင့် ပိုလျှံကယ်လိုရီများ ဖယ်ရှားပစ်နိုင်၍ ကျန်းမာခြင်းကို အထောက်အပံ့ပြုနိုင်ပေသည်။ မြန်မာနိုင်ငံတွင် ၁၇-၃-၂၀၂၁ ရက်နေ့မှ ၁၈-၃-၂၀၂၁ ရက် ညနေ ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၃၀၀ ခုအား စစ်ဆေးပြီးစီးခဲ့ရာ Covid-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၂ ဦး တွေ့ရှိ၍ Covid-19 ရောဂါဖြင့် တစ်ဦး သေဆုံးသဖြင့် သေဆုံးသူပေါင်း ၃၂၀၄ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ် ပြန်ထားသည်။ ပြည်သူလူထုအနေဖြင့် Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် နေအိမ် ပြင်ပသို့သွားရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုမကြာ ခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ရန် တစ်ဦး ကိုတစ်ဦး အသိပေးခြင်း၊ သတိပေးခြင်း မိသားစုစီမံချက်အတိုင်း Covid-19  ရောဂါကာကွယ်ရေးနည်းလမ်းများ အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်းမိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ် သည်။
ကျန်းမာ၍ အသက်ရှည်အနာမဲ့စေလိုလျှင် အထက်ပါအချက်များကို သတိပြုလိုက်နာဆောင်ရွက်ခြင်းဖြင့် မိသားစုလက်ရှည်တပြင်တည်း နေထိုင်ပြုမူ စောင့်ရှောက်ရိုင်းပင်းကူညီသည့် မြန်မာ့ဓလေ့မိသားစုပုံသဏ္ဌာန် ဆောင်ကြဉ်းသွားနိုင်မည်ဟု ဆိုချင်ပါကြောင်း။    ။






အခြားဆက်စပ်သတင်းများ