နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေရာသီနှင့် ချွေးထွက်လွန်ကဲခြင်း၊ ချွေးထွက်နည်းခြင်း

ရန်ကုန် မတ်  ၁၈

  မြန်မာနိုင်ငံမှာ မတ်လမှမေလကုန်ထိ နွေရာသီလို့သတ်မှတ်ထားသလို၊ နေပူပြင်းခြောက်သွေ့ကာ ချွေးထွက်များတတ်ကြတယ်။ နေ့ဘက်မှာ အသက်ကြီးဘိုးဘွားများ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်များ အရိပ်ရတဲ့နေရာ၊ အိမ်ထဲမှာ၊ အရိပ်ရသစ်ပင်အောက်မှာ နေသင့်ပါတယ်။ ပူပြင်းတဲ့နေရောင်ခံနိုင်ဖို့ အဝတ်အရောင် ဖျော့ဖျော့၊ ပွပွ၊ ချောင်ချောင်ဝတ်ဆင်သင့်ပါတယ်။ ပူပြင်းတဲ့နေရောင်အောက်မှာ မလွဲမသွေအလုပ်လုပ် ရမယ် ဆိုရင်လည်း အစောင်းအကာနဲ့အလှည့်ကျလုပ်စေသင့်ပါတယ်။ နေအလွန်ပူပြင်းတဲ့အချိ မွန်းလွဲ ၁၂ နာရီမှ ၃ နာရီထိ နေရောင်အောက်အလုပ်လုပ်တာရှောင်သင့်ပါတယ်။ အလုပ်ချိန်ပြောင်းလဲကာ နံနက်နဲ့ ညနေပိုင်းလုပ်စေသင့်တယ်။

နေရောင်မှာ ခရမ်းလွန်ရောင်ခြည်ပါဝင်ကာ လူ့ခန္ဓာကိုယ်အရေပြားနဲ့ ထိတွေ့ရင် အင်ပြင်ထွက်ခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ ညိုမည်းစွဲခြင်း၊ အရေပြားအနာဖြစ်ခြင်း၊ အရေပြားကင်ဆာနဲ့၊ သက်ကြီးမျက်လုံးတိမ်စွဲခြင်း တို့ဖြစ်စေနိုင်လို့ နေပူထဲထွက်ရင် နေရောင်ခံ ခရင်မ်လိမ်းပြီးမှ ထွက်ဖို့၊ ၂ နာရီကြာပြီးတိုင်း တစ်ကြိမ်လိမ်းပေးဖို့လိုအပ်ပါတယ်။(သို့)သနပ်ခါးလိမ်းထားသင့်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ဟာ သဘာဝအနေနဲ့ အိုဇုန်းလွှာက ကာရံပေးထားပြီး လူတွေနဲ့ ကပ်ရပ်ထရို ပိုစပီးယားနောက်၊ စထရာတိုစပီးယား၊ သူနဲ့ကပ်ရပ်အိုဇုန်းလွှာက ခရမ်းလွန်ရောင်ခြည်ကို ကမ္ဘာမြေမရောက်အောင်ကာကွယ်ပေးတယ်။ လူသားတို့သက်မဲ့ရုပ်ကြွင်း၊ လောင်စာများဖြစ်တဲ့ ရေနံ၊ ကျောက်မီးသွေး၊ သဘာဝ ဓာတ်ငွေ့များ၊ လောင်ကျွမ်းခြင်း၊ တောမီးလောင်ခြင်း၊ လူတို့ပြုလုပ်တဲ့ ကလိုရိုဖလူအိုကာဗွန် (CFC- Chloro Fleuro Carbon)များဖြစ်တဲ့ လေအေးစက်၊ ရေခဲသေတ္တာ၊ ဖျက်မင်၊ လက်သည်းနီဖျက်မင်တို့မှာ ပါဝင်တဲ့ (CFC)က အိုဇုန်းလွှာကို ပေါက်ပြဲစေကာ နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည် ကမ္ဘာ့မြေပေါ်တိုက်ရိုက်ရောက်ရှိလာစေပါတယ်။

ခရမ်းလွန်ရောင်ခြည်ဒဏ်ကာကွယ်ဖို့  ၉၉ ရာခိုင်နှုန်း ကာကွယ်ပေးတဲ့ နေကာမျက်မှန်၊၊ အရောင်ဖျော့ဖျော့ အဝတ်အစား၊ လိုအပ်တဲ့အစောင်းအကာများနဲ့ အပြင်ထွက်သင့်ပါတယ်။ နေရောင်အောက်မှာနေ့စဉ် အလုပ်လုပ်တာရှောင်သင့်တယ်။ အလှည့်ကျလုပ်စေသင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ ညဘက်မှာ သုညဖြစ်ပြီး၊ နေ့လယ်ဘက် (၁၀-၁၂)အထိ မြင့်တက်သွားလို့ ခရမ်းလွန်ရောင်ခြည်သင့် ဒဏ်ခံစားကြရပါတယ်။ ပေါ့ပါးတဲ့အားကစားမျိုး နေရိပ်မှာလုပ်သင့်ပါတယ်။ အပူထဲကနေရောက်ရောက်ချင်း ရေမချိုးဖို့၊ အအေးခန်း ထဲမဝင်ဖို့ အအေးခန်း(Air Com)ခန်းမှထွက်ပြီး ချင်း၊ နေရောင်ထဲရုတ်တရက်ထွက်ပြီး အလုပ်လုပ်တာမျိုးရှောင် သင့်ပါတယ်။ အပူရှပ်တတ်သလို၊ အပူငုပ်သွား၊ ချွေးငုပ်သွားတတ်တယ်။

ပြင်းထန်တဲ့ ကာယလှုပ်ရှားလေ့ကျင့်ခန်းများဟာ ချွေးထွက်များစေတယ်။ လူတစ်ဦးဟာ နေ့စဉ် နာရီဝက်မှ တစ်နာရီ အားကစားလမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရွရွပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ပြုလုပ်နိုင်ပါတယ်။ ပုံမှန်လုပ်နေကျ အားကစားက ချွေးထွက်မများနိုင်ပါဘူး။ ပြင်ပနေပူပြင်းချိန်ထွက်ပြီး အလုပ်လုပ်ရခြင်း၊ ပြင်းထန်စွာ စိတ်လှုပ်ရှားခြင်း၊ သွေးထွက်ဒဏ်ရာကြောင့် သွေးလန့်တုန်လှုပ်ခြင်း၊ တစ်ခါ တစ်ရံအမျိုးသမီးရာသီလာစဉ် သွေးဆုံးခါနီးအရွယ်တွေမှာ တစ်ကိုယ်လုံးချွေးထွက်နေတတ်ပါတယ်။
 ရောဂါထဲမှာ အဆုတ်တီဘီရောဂါလူနာများ ညဘက်ချွေးထွက်လွန်ကဲတတ်တယ်။ ငှက်ဖျားကြောင့် ချမ်းတုန်ခြင်း၊ ရောဂါတက်သလိုကိုယ်အလွန်ပူခြင်း၊ ချွေးသီးချွေးပေါက်ထွက်ခြင်း၊ အပူငုပ်ခြင်းကြောင့်ကိုယ် အပူချိန်များခြင်း၊ တို့ဖြစ်နိုင်ပါတယ်။ လည်ပင်းသိုင်းရွိုက် (Thyroid)၊ ဂလင်းလုပ်ငန်းလွန်ကဲခြင်း၊ ကလေးများ ဗီတာမင်စီချို့တဲ့ခြင်း၊ အရက်နာကျခြင်း၊ အပူကျဆေး(Paracetamol) သောက်ခြင်းတို့မှာ ချွေးပိုထွက်ကာ၊ နွေရာသီမှာ ပိုပြီးထွက်ပါတယ်။
 နေရာအလိုက် သီးခြားချွေးထွက်မှုများရှိသလို၊ အာရုံကြောအဖွဲ့နဲ့ဆိုင်တဲ့ ရောဂါများမှာလည်း တွေ့ရပါ တယ်။ ဦးနှောက်အသားပိုအကျိတ်၊ ကျောရိုးနာဗ်ကြောမကြီး၊ အခြားအာရုံကြောများ ထိခိုက်ခြင်းတို့ဖြစ် တတ်တယ်။ အချို့စိုးရိမ်ထိတ်လန့်မှုကြောင့် ခြေဖဝါး၊ လက်ဖဝါး ချွေးထွက်လွန်တတ်ပါတယ်။ ချွေးထွက်လွန် တဲ့အခါမှာ ချွေးနဲ့အတူဆားဓာတ်များ ပါဝင်သွားလို့ ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်နည်းသွားပါတယ်။ ချွေးထွက်များပြီး ရေကိုပိုသောက်တဲ့အခါမှာ သွေးအတွင်းဆားဓာတ်ပါဝင်မှုအချိုးအဆ ပိုနည်းသွားပါတယ်။အားကစားသမားများ၊ အလွန်ပင်ပန်းစွာနေပူထဲအလုပ်လုပ်ကြရတဲ့ လုပ်သားများကို ဆားဓာတ်ပါတဲ့ဓာတ်ဆားထုပ်နဲ့ ရေဆူဆေးပြားများများသောက်ဖို့ အချို့အားကစားဆရာဝန်ကြီးတွေ အကြံပေးတတ်တယ်။ အားကစားသမားများ၊ ဥပမာဘောလုံးနဲ့ တာဝေးအပြေးသမားများ ဓာတ်ဆားရည်လွန်ကဲ တတ်ပါတယ်။ ဒါဆိုရင်၊ အာကစားလုပ်နေစဉ်အတွင်း ကြွက်တက်ခြင်း၊ ဖြစ်တတ်ပါတယ်။ အတိုင်းထက်အလွန် ဓာတ်ဆားရည် မသောက်စေသင့်ပါဘူး။ အားကစားတစ်ခုပြီးတိုင်း ပုံမှန်အကြောလျှော့လေ့ကျင့်ခန်း လုပ်ကိုင်နေရင်ချွေးမလျှော့နိုင်ပါ၊ လေ့ကျင့်ခန်းလုပ်ကိုင်နေရင် ချွေးမငုပ်နိုင်ပါဘူး။

ချွေးထွက်အလွန်နည်းခြင်း ဟာရှားပါတယ်။ တစ်ကိုယ်လုံးကို ခန္ဓာကိုယ်တစ်နေရာရာထဲ၊ နေရာကွက်ပြီးချွေးထွက်နေခြင်းဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်အမွှေးအမျှင်နည်းပါးခြင်းရောဂါမှာ ချွေးထွက်ဂလင်းနည်းလို့ ချွေးထွက်နည်းနိုင်ပါတယ်။ ဆံပင်ပေါက်ရင်လည်း အစုလိုက်ကျွတ်ထွက်ကာ ပြန်မပေါက်တဲ့ရောဂါမျိုး(alopsia)မှာ ချွေးထွက်နည်းစေတယ်။ အာရုံကြောနာဗ့်အဖွဲ့နဲ့ဆိုင်ရာရောဂါများ၊ သိုင်းရိုက်ဂလင်းလုပ်ငန်းချွတ်ယွင်းမှုများ(Critinism, Myxodema)ရောဂါတို့မှာ ချွေးထွက်နည်းတတ်ပါတယ်။

ခန္ဓာကိုယ်မှာ ချွေးထွက်စမှာချွေးဟာပိုးမွှားကင်းစင်ပြီး အရေးပြားပေါ်မှာကြာလာတဲ့အခါ ဘက်တီးရီးယား ပိုးမွှားများ ဝင်ရောက်ပေါက်ဖွားလာတာကြောင့် ချွေးမှာကစော်အဖောက်ခံရသလို ဖြစ်ကာ၊ချွေးနံ့ပြင်းတတ် တယ်။ သာမန်ထက် ပိုမိုဆိုးရွားပြင်းထန်တဲ့ ချွေးနံ့ရခြင်းကိုသွေးအတွင်း ယူရီးယားဓာတ်များပြားခြင်း၊ ဗီတာမင် စီချို့တဲ့ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ပြင်းထန်တဲ့လေးဖက်နာရောဂါ၊ အူရောင်ငန်းဖျားရောဂါတို့မှာ တွေ့ရပါ တယ်။ အမှန်တကယ်ကိုယ့်ခန္ဓာကိုယ်မှ ချွေးထွက်အလွန်နံနေတယ်လို့ စိတ်ရောဂါခံစားနေရတာမျိုးလည်း ရှိနိုင်ပါတယ်။
ရိုးရိုးသာမန်ချွေးထွက်ခြင်းမှာ ချွေးမှာအရောင်မရှိဆိုပေမယ့် အရောင်မရှိချွေးထွက်ခြင်း(သို့)အရောင် ပြောင်းခြင်းကို ခန္ဓာကိုယ်မှာပိုမိုနေတဲ့ သတ္ထုဓာတ်ပစ္စည်းများဥပမာသံ၊ ကြေးနီ၊ အညစ်အကြေးများအဖြစ် ချွေးနံ့စွန့်ထုတ်ရမှ ချွေးဂလင်းအရောင်ခြယ်ပစ္စည်း (Pigments)များ ထုတ်လုပ်တဲ့ ဘက်တီးရီးယားပိုးမွှားများပေါက်ဖွားရာမှာဖြစ်စေ၊ အချို့ဓာတုပစ္စည်းစက်ရုံလုပ်သားတွေမှာဖြစ်စေ၊ အရောင်ရှိချွေးများ ထွက်နိုင်ပါတယ်။ သာမန်အပြာရောင်၊ အဝါထင်ထင်နဲ့သံချေးရောင်တို့ အင်္ကျီမှာ စွန်းတင်နေတတ်ပါတယ်။ အကြောင်းရင်းကို လိုက်ပြီး အနီ၊ အစိမ်း၊ အနက် စတဲ့အရောင်ရှိချွေးများထွက်ကာ အင်္ကျီများစွန်းထင်နေတတ်ပါတယ်။
(၂၁)ရာစုရောက်လာချိန်မှာ နိုင်ငံတိုင်းသစ်ပင်၊ သစ်တောရှားပါးလာခြင်းနဲ့အတူ အပူချိန်မြင့်တက်လာတယ်။ သက်မဲ့ရုပ်ကြွင်း လောင်စာဆီ (ရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့လောင်ကျွမ်းလို့) ကာဗွန်ဒိုင်အောက် ဆိုဒ် ထွက်ကာအပေါ်တက်လာတယ်။

တက်လာတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အပေါ်ကဖိချလို့ ဖန်လုံအိမ်အာနိသင် ဖြစ်ကာ ကမ္ဘာကြီးပူနွေးလာပါတယ်။ ဝင်ရိုးစွန်းမှရေခဲ တောင်တွေအရေပျော်ကုန်လို့ပင်လယ်ရေမြင့်တက်လာ တယ်။ အယ်နီညို၊ လာနီညာရာသီဥတု ဖောက်ပြန်မှုဆိုးရွားလာတယ်။ ရေသံယံဇာတရှားပါးကာ မြေအောက် ရေကို ပိုမိုအသုံးပြုလာလို့ အချို့မြို့ကြီးတွေတဖြည်းဖြည်း နိမ့်ဆင်းလာနေကာတစ်ချိန်ချိန်မှာ ပင်လယ်ရေ ဖုံးလွှမ်းသွားနိုင်တယ်။ နွေရာသီနေကပူပြင်းလှပါတယ်။ လူတို့ရဲ့အသက်မွေးဝမ်းကျောင်းပုံစံပြောင်းလာကာ အထိုင်အလုပ်များတာရှိသလို အလုပ်ကြမ်းပိုမိုလိုအပ်လာလို့နေပူထဲအလုပ်ပြီးမြောက်အောင်လုပ်ဆောင်နေ ကြရတယ်။
ဒေါက်တာလွင်သန့်






အခြားဆက်စပ်သတင်းများ