နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိတ်ဆို့လမ်းအတားအဆီးများ ပူးပေါင်းရှင်းလင်းဆောင်ရွက်ရေး

ရန်ကုန် မတ်  ၁၇


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျကျအကောင်အထည်ဖော်ရာတွင် နိုင်ငံတော်တည်ငြိမ် အေးချမ်း သာယာရေးသည် အရေးကြီးသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှသာ စီးပွားရေးလုပ်ငန်းများ ဖြောင့်ဖြောင့် တန်းတန်းလုပ်ကိုင်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူအများစု၏ လိုအပ်ချက်ဖြစ်သော စားဝတ်နေရေးဖူလုံရေးကို ဖော်ဆောင်ရာတွင် ရင်းနှီးမြှုပ်နှံမှုသည် အဓိကလိုအပ်ချက် ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် မတည်ငြိမ်မှုများကြောင့် ရင်းနှီးမြှုပ်နှံသူများက တည်ငြိမ်သောနေရာများကို ရှာဖွေလာကြသည်။
မြန်မာနိုင်ငံတွင် ဆန္ဒပြမှုများမှတစ်ဆင့် ဆူပူအကြမ်းဖက်မှုများဖြစ်လာသည်မှာ တစ်လကျော်ခဲ့ပြီဖြစ်သည်။ ဆူပူအကြမ်းဖက်ဆန္ဒပြသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်မူတိုက်ခိုက်အကြမ်းဖက်လာခြင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့စခန်းများကို ဝင်ရောက်စီးနင်းခြင်း၊ အုပ်ချုပ်ရေးရုံးများကို ဝင်ရောက်စီးနင်းခြင်း၊ ပြည်သူပိုင်ပစ္စည်း များနှင့် စက်ရုံအလုပ်ရုံများကို မီးရှို့ဖျက်ဆီးခြင်း၊ ဝန်ထမ်းများ CDM တွင် ပါဝင်ရန် ခြိမ်းခြောက်ခြင်း၊ သတင်းပေး၊ ဒလန်၊ သူလျှို စွပ်စွဲ၍ အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ လူတစ်ဦးချင်းစီ၏ လွတ်လပ်မှုနှင့်အခွင့် အရေးကို ထိပါးစော်ကားခြင်း၊ လမ်းများအား ပိတ်ဆို့ကန့်သတ်ခြင်း စသည်ဖြင့် ဥပဒေမဲ့လုပ်ရပ်များ ကျူးလွန် သည်မှာ ပိုမိုဆိုးရွားလာလျက်ရှိသည်။
နှောင့်ယှက်လိုသူများက အများပြည်သူသွားလာလျက်ရှိသော လမ်းသွယ်နှင့်လမ်းမများကို လမ်းဘေးမှ အလွယ်တကူရရှိနိုင်သော ပစ္စည်းများဖြစ်သည့် သဲအိတ်၊ သစ်တုံး၊ တာယာဟောင်းများဖြင့်လည်းကောင်း၊ ဓာတ်တိုင်၊ အမှိုက်ပုံး၊ ရေပိုက်များဖြင့်ပိတ်ဆို့ကာ အတားအဆီးများပြုလုပ်မှုကြောင့် မော်တော်ယာဉ်၊ လူနာတင် ယာဉ်၊ မီးသတ်ကားများ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိခြင်း၊ အတားအဆီးများကို ဖယ်ရှားရန် နှောင်ယှက်လို သူတို့၏ ရန်အား ကြောက်လန့်ရမှုများ ခံစားဖြစ်ပေါ်နေရသည်။ အထူးသဖြင့် အေးချမ်းသာယာမှုနှင့် လူမှုဘဝလုံခြုံရေးကို ဖျက်စီးတတ်သော ဒုစရိုက်မှု၊ လူအုပ်စုဖြင့် အနိုင်အထက်ပြုကျင့်မှု မပေါ်ပေါက်အောင် အကာအကွယ်ပေးခြင်းသည် အားလုံးတွင်တာဝန်ရှိသကဲ့သို့ သက်ဆိုင်ရာတို့တွင်လည်း တာဝန်ရှိသည်။
ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုအတွက် လိုအပ်ချက် တစ်ရပ်ဖြစ်သည်။ ပိတ်ဆို့ထားသော လမ်းအတားအဆီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများမှ ပူးပေါင်းအင်အားဖြင့် ရှင်းလင်းဆောင်ရွက်လျက်ရှိရာ အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးအတွက် အထောက်အပံ့ဖြစ်စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ