နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မုန်လာဥနီက ရင်သားကင်ဆာဖြစ်နိုင်ခြေအလားအလာကို လျှော့ချပေးနိုင်

မတ်  ၁၇

မုန်လာဥနီ နေ့စဉ်မှန်မှန်စားခြင်းက မျက်စိအားကောင်းစေရုံသာမက အမျိုးသမီးရင်သားကင်ဆာ ဖြစ်နိုင်ခြေအလားအလာကို ၆၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ကြောင်း ကျန်းမာရေးသုတေသီများ၏ လေ့လာ စမ်းသပ်မှု မှတ်တမ်းများအရ သိရသည်။
ထိုသို့ ဆေးဖက်ဝင်ရခြင်းမှာ မုန်လာဥနီကို အရောင်တောက်တောက်ဖြစ်စေသော beta-carotene ဓာတ်‌ တွေ ကြွယ်ဝစွာပါရှိ၍ဖြစ်ပါသည်။ ယင်းဓာတ်က သစ်ပင်မှရရှိသော သဘာဝဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး အမျိုးသမီးများ မုန်လာဥနီကို နေ့စဉ်စားသုံးပေးခြင်းဖြင့် ရင်သားကင်ဆာဖြစ်နိုင်ခြေအလားအလာကို ၄၀-၆၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါလိမ့်မည်။
 
အဆိုပါ beta-carotene ဓာတ်တွေကို မုန်လာဥနီအပြင် အခြားသော အရောင်တောက်တောက်ဟင်းသီးဟင်းရွက်များဖြစ်ကြသည့် ဟင်းနုနယ်ရွက်၊ အနီရောင်ငရုတ်ချိုပွနှင့် သရက်သီးမှည့်တို့တွင်လည်း တွေ့မြင်ရသည်။
မုန်လာဥနီက နှလုံးရောဂါနှင့် ကင်ဆာရောဂါများအတွက် လွန်စွာကောင်းကျိုးပြုကြောင်း ဆေးသုတေသီ များက ရှေးရာစုနှစ်များစွာကတည်းက အသိအမှတ်ပြုလာခဲ့ကြပြီးလည်းဖြစ်ပါသည်။ သို့သော် မျက်မှောက် ကာလ လေ့လာမှုတွေ့ရှိချက်အရ မုန်လာဥနီသည် တခြားသော ကင်ဆာရောဂါများနှင့် နှိုင်းယှဉ်ပါက ရင်သား ကင်ဆာအတွက် ပိုမိုဆေးစွမ်းထက်မြက်စေကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

အင်္ဂလန်နိုင်ငံတွင် နှစ်စဉ် အမျိုးသမီးဦးရေ ၅၈၀၀၀ ခန့် ရင်သားကင်ဆာဖြစ်ပွားနေကြပြီး ယင်းတို့အနက် ၈ ပုံ ၁ ပုံခန့်က ထိုကင်ဆာ ကြောင့် ဖိတ်စင်လျက်ရှိနေကြသည်။ ရင်သားကင်ဆာဖြစ်ပေါ်ခြင်းဟာ မိမိရွေးချယ်စားသောက်လိုက်သည့် အစားအစာပေါ်မှာလည်း မူတည်ပါသည်။ beta-carotene ဓာတ်သည် ခန္ဓာကိုယ်ထဲသို့ ရောက်သွားသောအခါ ဗီတာမင်အေအဖြစ်ပြောင်းလဲသွားပြီး အမြင်အာရုံနှင့် ကိုယ်ခံစွမ်းအားတိုးတက်ကောင်းမွန်လာအောင် အထောက်အပံ့ပေးနိုင်ပါသည်။ အကယ်၍ carotene ဓာတ် မြင့်မားသည့် မုန်လာဥနီကို ရွေးချယ်စားသုံးခြင်းဖြင့် အမျိုးသမီးများ၏ oestrogen ဟော်မုန်းထွက်ရှိမှုကို မျှချေဖြစ်စေကာ ကင်ဆာအကျိတ်အဖုများထွက်ရှိခြင်းကို ဟန့်တားပေးနိုင်ပါမည်။ ထို့ပြင် မုန်လာဥနီစားခြင်းက ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်သဖြင့် ဤကဲ့သို့ ကိုယ်အလေးချိန်မတက်ခြင်းကလည်း ရင်သားကင်ဆာဖြစ်မလာနိုင်အောင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေပါသည်။

အမျိုးသမီးထုတစ်ရပ်လုံး ရင်သားကင်ဆာမဖြစ်စေဖို့အတွက် ကိုယ်အလေးချိန်ကို ထိန်းပါ၊ အာဟာရဓာတ်ကြွယ်ဝသော အစားစုံကို သင့်တင့်မျှတစွာ စားသုံးပါ၊ အထူးသဖြင့် beta-carotene ဓာတ် ကြွယ်ဝသော မုန်လာဥနီကို မှန်မှန်စားသုံး၍ ရင်သားကင်ဆာဖြစ်မလာအောင် မိမိကိုယ်ကို ကာကွယ် စောင့်ရှောက်ထားသင့်ပါသည်။

(ပေါက်ပေါက်)






အခြားဆက်စပ်သတင်းများ