ရန်ကုန် ၊ မေ ၁၅
မေ ၁၄ ရက်၊ ညအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်တို့တွင် သက်ဆိုင်ရာမြို့နယ်များအလိုက် ခရိုင်ရဲတပ်ဖွဲ့မှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများဦးစီး ၍ အမှတ်(၂)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံးအောက်ရှိ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှတပ်ဖွဲ့ဝင်များ၊ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲလက်အောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ အများပြည်သူများ စိတ်အေး ချမ်းသာစွာနေနိုင်ရေး၊ ဒုစရိုက်မှုခင်းများမဖြစ်ပွားစေရေးတို့အတွက် ယာဉ်တင်လှည့်ကင်းဆောင်ရွက်ခြင်း၊ မော်တော်ယာဉ်များစစ်ဆေးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်းတွေ့ရစဉ်။
ဆွေဦး