နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီအကူးအပြောင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

မတ်  ၁၆


မျက်မှောက်ကာလတွင် မြန်မာနိုင်ငံရှိ ပြည်သူတို့၏ သဘောသဘာဝနှင့် အနေအထားများအရ ပြည်သူတို့ နေ့စဉ်စားသုံးနေသော အစားအစာများကို ပြည်သူတို့ကိုယ်တိုင် အသိတရားလက်ကိုင်ထား၍ ဆင်ခြင်စားသုံး ကြရမည်ဖြစ်သည်။ ဇီဝအန္တရာယ်ဟုဆိုသည့် အစားအသောက်များတွင်ပါဝင်သော ပိုးမွှားနှင့် အဆိပ်အန္တရာယ် ဖြစ်သည်။ သက်ဆိုင်ရာဝန်ကြီးဌာနများက စနစ်တကျ သုတေသနပြု စမ်းသပ်ရှာဖွေဖော်ပြနိုင်သဖြင့် ဆောင်ရန်၊ ရှောင်ရန်အချက်များ ရရှိခဲ့သည်။ ယခုအခါ ရာသီအကူးအပြောင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားတတ် သည်။
ဝမ်းပျက်၊ဝမ်းလျှောရောဂါသည် မသန့်ရှင်းသောအစားအစာနှင့် သောက်သုံးရေတို့မှတစ်ဆင့် ကူးစက်တတ် သော ရောဂါတစ်ခုဖြစ်သည်။ ပြင်းထန်သော ဝမ်းပျက်၊ဝမ်းလျှောရောဂါသည် ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ရောဂါပြင်းထန်ပြီး အချိန်မီမကုသပါက အသက်ဆုံးရှုံးနိုင်သည်။ ကလေးသူငယ်များတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်၊ဝမ်းလျှောရောဂါမှာ ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားလေ့ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ထိရောက်ပြည့်စုံသော ဆေးကုသမှုခံယူရန်လိုအပ်သည်။ ဝမ်းပျက်၊ဝမ်းလျှော ရောဂါ မဖြစ်ပွားစေရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးဂရုပြုဆောင်ရွက်ခြင်း၊ အစာမစားမီးနှင့် လူနာ ကိုင်တွယ်ပြီးတိုင်း၊ ကလေးပြုစုပြီးတိုင်း၊ အိမ်သာအသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောရန်၊ အစားအစာများကို ပူပူနွေးနွေးစားသောက်ခြင်း၊ ယင်နားစာများမစားသုံးခြင်း၊ ရေကို ကျိုချက် သောက်သုံးခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ယင်လုံအိမ်သာအသုံးပြုဆောင်ရွက်ရန် လိုအပ် သည်။
ဝမ်းပျက်၊ဝမ်းလျှောရောဂါဖြစ်ပွားပါက အရည်ဝမ်းများသွားခြင်း၊ အော့အန်ခြင်းတို့ကြောင့် ခန္ဓာကိုယ် အတွင်းရှိ ရေနှင့်ဓာတ်ဆားများ ဆုံးရှုံး၍ အားအင်ကုန်ခန်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း၊ အသက် သေဆုံးခြင်းတို့ ဖြစ်နိုင်သည်။ ဆုံးရှုံးသွားသည့် ရေနှင့်ဓာတ်ဆားကို အချိန်မီဖြည့်တင်းရန်လိုအပ်သည်။              ဝမ်းပျက်၊ဝမ်းလျှောရောဂါဖြစ်ပွားပါက ဓာတ်ဆားရည်ကို အညွှန်းအတိုင်း အတိအကျဖျော်၍ သောက်သုံးနိုင်ပြီး နီးစပ်ရာ ကျန်းမာရေးဌာနများသို့ စောလျင်စွာ ပြသ၍ ကုသမှုခံယူရန် လိုအပ်ပါကြောင်း . . . . ။         ။






အခြားဆက်စပ်သတင်းများ