နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှာကင်ဆာလက္ခဏာများ

မတ်  ၁၅

လူတစ်ဦးနှင့်တစ်ဦး မွေးရာပါဗီဇမတူညီကြသည့်အလျောက်၊ ဇီ၀ဖြစ်စဉ် လုပ်ငန်းဆောင်တာများလည်း အတန်ငယ် ကွဲပြားခြားနားလျက်ရှိရာ ကင်ဆာရောဂါဖြစ်ပေါ်ခံစားသည့် လက္ခဏာများလည်း အနည်းငယ်စီ ကွဲပြားမှုရှိကြသည်။ ကမ္ဘာတစ်၀န်း လျှာကင်ဆာရောဂါသည်များတွင် အများဆုံးတွေ့ရလေ့ရှိသော လျှာကင်ဆာ လက္ခဏာ (၁၀) မျိုးကို ရေးသာဖော်ပြလိုပါသည်။

(၁) လျှာ၏အရှေ့ပိုင်း ၃ ပုံ ၂ ပုံ (သို့မဟုတ်) လျှာ၏ အနောက်ဘက်ပိုင်း ၃ ပုံ ၁ ပုံခန့်နေရာများနှင့် သွား
       နှင့် ကပ်ရပ် လျှာဘေးပတ်လည်များတွင် အနီ (သို့မဟုတ်) အဖြူအကွက်များပေါ်လာခြင်း၊ အချိန်ကြာ
     လာသည့်နှင့်အမျှ နီဖြူအစက်အပြောက်များ ပိုပွားလာကာ နာကျင်စွာခံစားရခြင်း၊  
(၂) မတော်တဆ လျှာကိုက်မိခြင်းမရှိပါဘဲ၊ အလိုအလျောက် လျှာရောင်ရမ်းနာကျင်လာခြင်း၊
(၃) အချိန်ကြာမြင့်စွာ လည်ချောင်းနာသော်လည်း ကောင်းစွာကုသမှုမခံယူခဲ့ခြင်း၊
(၄) အစာ ဝါးစားခြင်းနှင့် မျိုချသည့်အခါတိုင်း မခံမရပ်နိုင်အောင် နာကျင်၍ ခက်ခဲစွာခံစားရခြင်း၊
(၅) အစာဝါးခြင်း၊ ရေသောက်ခြင်း နှင့် မျိုချသည့်အခါတိုင်း လျှာပေါ်ရှိ အဖုများမှ သွေးယိုစီးခြင်း (သို့မဟုတ်)
     သူ့အလိုလို အကြောင်းမဲ့ လျှာပေါ်မှသွေးစိမ့်ထွက်ခြင်း၊
(၆) လျှာကောင်းစွာမလှုပ်ရှားခြင်းကြောင့် အသံမပီ ဝိုးတဝါးဖြစ်၍ အသက်ရှုပုံစံမမှန်ဖြစ်လာခြင်း၊
(၇) မကြာခဏ လျှာထုံခြင်း၊
(၈) လူနာအနည်းစုတွင် နားအတွင်း ပိုင်း ကိုက်ခဲလာခြင်း၊
(၉) လည်ပင်းအကျိတ် ကြီးထွားရောင်ရမ်း၍ သိသိသာသာ ခန္ဓာကိုယ်အလေးချိန် ကျဆင်းလာခြင်း၊
(၁၀) လည်ချောင်းထဲ တစ်ဆို့ဆို့ ဝေဒနာခံစားနေရခြင်း နှင့်
(၁၁) ပုံမှန်အတိုင်း လျှာကိုကွေးခေါက်၍ မရတော့ဘဲ၊ လျှာတပြင်လုံး တောင့်တင်းမာကျောလာခြင်း စသည်တို့သည် လျှာကင်ဆာ လက္ခဏာများ ဖြစ်ကြသည်။           

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ