နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီသီးနှံ တိုးချဲ့စိုက်ပျိုး

မတ်  ၁၅

နိုင်ငံတော်အစိုးရက လယ်ယာကဏ္ဍတစ်ခုလုံး၏ ဘက်စုံဖွံ့ဖြိုးရေးစီးမံကိန်းများ ထိရောက်စွာရေးဆွဲ အကောင်အထည်ဖော်လျက်ရှိရာ မြန်မာနိုင်ငံ၏ စီးပွားရေးအသွင်သဏ္ဌာန်ပြောင်းလဲမှုဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍအနေဖြင့် စားနပ်ရိက္ခာဖူလုံရေးအပြင် အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်ရေးကိုပါ အဓိကထား စီမံဆောင်ရွက်လျက်ရှိသည်။

နောင်တိုးပွားလာမည့် လူဦးရေ သန်းတစ်ရာခန့်၏ စားနပ်ရိက္ခာနှင့် အာဟာရဓာတ်ဖူလုံရေးအတွက် ဆန်စပါးအပါအဝင် အဓိကသီးနှံ၊ သား၊ ငါးများ ထုတ်လုပ်မှုဆိုင်ရာ ရေရှည်စီမံကိန်းများနှင့် တိုင်းဒေသကြီးများ နှင့် ပြည်နယ်များအကြား၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြားရှိ ဖွံ့ဖြိုးမှုကျဉ်းမြောင်းစေရန် လယ်ယာကဏ္ဍ စီမံကိန်းများတွင် ဒေသဆိုင်ရာဖွံ့ဖြိုးရေးအစီအစဉ်များ ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။  တောင်သူလယ်သမားတို့၏ဘဝသည် ပို၍ကောင်းမွန်သော အလှည့်အပြောင်းကို ကူးပြောင်း ရောက်ရှိလာပြီဖြစ်သည်။ မိုးစပါး တစ်သီးစားမှ နွေစပါးကို ကျယ်ပြန့်စွာ စိုက်ပျိုးလာ၏။ ထို့အပြင် ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုး စိုက်ပျိုးလာကြသည်။ အထူးသဖြင့် ရေကောင်းမြေကောင်းသည့်နေရာများ တွင် စိုက်ပျိုးရေးနည်းပညာ ဖြန့်ဖြူးပေးခြင်းနှင့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်းတို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။

တောင်သူလယ်သမားများ တစ်ပိုင်တစ်နိုင်အလေ့အထအဆင့်မှ ဈေးကွက်ဝင်သီးနှံအမယ်များ ရွေးချယ်၍ စီးပွားဖြစ်စိုက်ကွင်းများ ထူထောင်သည့် အလေ့အထများနှင့် စီးပွားဖြစ်သီးနှံအမယ်စိုက်ပျိုးပြီး ဈေးကွက် အရောက် တင်ပို့ရောင်းချသည့်အဆင့်အထိ ပြောင်းလဲဖော်ဆောင်ရပေမည်။ သီးနှံ၊ သား၊ငါး ထုတ်လုပ်မှု သာမက ကုန်ချောအဆင့်အထိ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံးအတွက် အကျုံးဝင်မည့် အစီအမံများ လိုအပ်လျက်ရှိရာ စီမံကိန်းများရေးဆွဲဆောင်ရွက်ရန်လိုအပ်သည်။

ပြည်တွင်းစားသုံးမှုဖူလုံပိုလျှံသော သီးနှံအမယ်များကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး ပြည်ပ ဈေးကွက်လိုအပ်ချက်အရည်အသွေးနှင့် ထုတ်လုပ်မှုအရေအတွက် အချိန်ကိုက်ထုတ်လုပ်သော စိုက်ကွင်းများ စံနမူနာပြ အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ တောင်သူလယ်သမားများအနေဖြင့် ရေကောင်း၊ မြေကောင်း အခြေခံကောင်းများကို လက်လွတ်မခံဘဲ မိမိတို့မိသားစုများ ဝင်ငွေတိုးပွားရေးအတွက် ရာသီ သီးနှံများကို တစ်နှစ်ပတ်လုံး ကြိုးစားစိုက်ပျိုးကြစေချင်ကြောင်း . . . . ။         ။






အခြားဆက်စပ်သတင်းများ