နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်

ရန်ကုန် မတ် ၁၃

သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် မှီခိုအားထားရာအကျိုးပြုရာ ဝန်းကျင်ကောင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်မှ လူတို့အတွက် နေရေး၊ ထိုင်ရေး၊ စာရေး၊ သောက်ရေးမှအစ လိုအပ်ချက်ကိစ္စအဝဝကို ဖြည့်စွက်ပေးနေသည်မှာ အမှန်ပင်ဖြစ်သည်။ သဘာဝသယံဇာတများနှင့် ပတ်ဝန်းကျင်ကို ရေရှည်တည်တံ့ရေး အတွက် စဉ်ဆက်မပြတ်စားသုံးခြင်းနှင့် ထုတ်လုပ်ခြင်းသည် အရေးကြီးပေသည်။

သဘာဝသယံဇာတများသည် အနာဂတ်မျိုးဆက်သစ်များအတွက်ဖြစ်၍ သယံဇာတများမဆင်မခြင်သုံးစွဲခြင်းသည် စဉ်ဆက်မပြတ် ထုတ်လုပ်မှုကို ထိခိုက်စေမည်ဖြစ်သောကြောင့် လူသားများအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကို ထိခိုက်မှု မရှိအောင် တစ်ဦးချင်း၏ အမူအကျင့်များကို အခြေခံကျကျ ပြောင်းလဲသွားကြရန် လိုအပ်သည်။

ရေသည် သစ်တောများဖုံးလွှမ်းသည့် တောတောင်များမှသည် ပင်လယ်သမုဒ္ဒရာအထိ စီးဆင်းနေသဖြင့် ရေဝေရေလဲဒေသသည် အလွန်ကျယ်ပြန့်သည်။ ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် ရေနှင့်ပတ်သက်သော ပြဿနာများ ရင်ဆိုင်ကြုံတွေ့လာရသည်။ ရေအရင်းအမြစ်များ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် ရေဝေရေလဲ ဒေသနှင့် ရေဦးရေဖျားဒေသများရှိ သစ်တောသယံဇာတအရင်းအမြစ်များအား ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည်။ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်သောနေရာများ၌ မြေတိုက်စားမှုအနည်းငယ်သာရှိသော်လည်း သစ်တောပြုန်းတီးသည့်နေရာများတွင် မြေတိုက်စားမှုပြဿနာဆိုးရွားစွာ ကြုံတွေ့ရသဖြင့် ဆည်များ၊ ချောင်း နှင့် မြစ်များတွင် သဲနှုန်းပို့ချမှုများစွာ ဖြစ်ပေါ်လာသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ၂၀၂၁ ခုနှစ် မိုးရာသီတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုစီမံချက်အရ ဒေသနှင့်ကိုက်ညီသည့် ပျိုးသက်ရင့် အမြင့်နှစ်ပေနှင့်အထက် ပျိုးပင်များကို မြေချစိုက်ပျိုးသွားရန် စီစဉ်လျက်ရှိသည်။ အမြင့်နှစ်ပေနှင့်အထက် အရိပ်ရအပင်၊ လေကာပင်၊ ပန်းပွင့်သောအပင်နှင့် သီးပင်၊ စားပင်များသစ်မျိုး ၉၁ မျိုးကို ပြုစုပျိုးထောင်ထားလျက် ရှိသည်။ ကြီးမြန်သစ်မျိုးများကိုလာမည့် ဇွန်၊ ဇူလိုင်လများတွင် အမြင့်နှစ်ပေနှင့်အထက်အရွယ်ရရှိပါက မြေချ စိုက်ပျိုးနိုင်ရေး ဖြန့်ဝေဆောင်ရွက်သွားရန် ဆောင်ရွက်လျက်ရှိသည်။

ကာဗွန်ထုတ်လုပ်မှုနှင့် လေထုညစ်ညမ်းမှုလျှော့ချရေး၊ စွမ်းအင်နှင့်သယံဇာတများ ထိရောက်စွာအသုံးချ နိုင်ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှု ဆုံးရှုံးခြင်းများအား တားဆီးကာကွယ်ရေးတွင် သစ်တောများ တစ်အုပ်တစ်မစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကြိုးပမ်းအကောင်အထည် ဖော်ခြင်းသည် အဓိကအကျဆုံးအချက်ဟု ဆိုချင်ပါကြောင်း။    ။






အခြားဆက်စပ်သတင်းများ