နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး

ရန်ကုန် မတ် ၈
နိုင်ငံတော်ကဖော်ဆောင်နေသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုး တက်မှုဖြစ်ကြောင်း နိုင်ငံတစ်ဝန်းရှိ ပြည်သူအားလုံးထံ ဖွံ့ဖြိုးတိုးတက်မှုအားလုံးကို မျှမျှတတပျံ့ပျံ့နှံ့နှံ့အရောက် ပို့ဆောင်ပေးရာတွင် လျှပ်စစ်မီးရရှိရေးသည်လည် အဓိကကျသည်။ နိုင်ငံ၏ လူဦးရေမြို့ပြအသုံးအဆောင်နှင့် စက်မှုလုပ်ငန်းများ တစ်နေ့တစ်ခြားတိုးပွားလျက်ရှိပေရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ပြည်သူများကို ၂၄ နာရီ  ဓာတ်အားပြတ်တောက်မှုမရှိဘဲ ဖြန့်ဖြူးပေးရန်လိုအပ်ရာ ဓာတ်အားလိုင်းများ၊ ဓာတ်ခွဲရုံများ ကြံ့ခိုင်ကောင်းမွန်ရေး ထိန်းသိမ်းပြုပြင်ခြင်းနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
ဓာတ်လိုက်မှု အန္တရာယ်မဖြစ်စေရေးဂရုပြုဆောင်ရွက်ရန်နှင့် ပြည်သူများအပေါ် ဝန်ဆောင်မှုပေးရာတွင် ကျေနပ်မှု ရရှိပြီး ဌာနအပေါ်ယုံကြည်မှု ရရှိရေးလျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် ပေါ့ဆမှု အန္တရာယ်ရှိသော ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများအနီး ရောက်ရှိ မှုကြောင့် ဒဏ်ရာရရှိစေမှု၊ ဓာတ်လိုက်သေဆုံးမှု ကင်းဝေးစေရေး၊ မိဘပြည်သူများ သတိပြုရှောင်ရှားနိုင်စေရန် သတိပေးနှိုးဆော်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် ပေါ့ဆမှုစံချိန်မီလျှပ်စစ်ပစ္စည်းများ၊ အရည်အသွေး မီအာမခံလျှပ်စစ်ပစ္စည်းများ တပ်ဆင်သုံးစွဲမှု နည်းပါးပြီး၊ အရည်အအသွေးမမီလျှပ်စစ်ပစ္စည်းတပ်ဆင် သုံးစွဲခြင်းလည်း ဂရုပြုသင့်သည်။ ချို့ယွင်းနေသော လျှပ်စစ်ပစ္စည်းကိရိယာများ မသုံးစွဲရန် လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။
ယခုအခါ လေပြင်းများတိုက်ခက်ခြင်း၊ မုန်တိုင်းငယ်များအရှိန်ကြောင့် စိုက်ဆင်းလေများတိုက်ခတ်ခြင်းကြောင့် သစ်ပင်များပြိုလဲခြင်း ဓာတ်အားပိုလွှတ်ထားသော ဓာတ်အားလိုင်းများသည် ဓာတ်တိုင်များယိုင်လဲခြင်း၊ ဓာတ်ကြိုး များ ပြတ်ကျခြင်းတွေ့ရှိပါက လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး မိမိသဘောအလျှောက် ကိုင်တွယ်ဖယ်ရှားခြင်း မပြုသင့်ပေ၊ သက်ဆိုင်ရာ မြို့နယ်လျှပ်စစ် (အရေးပေါ်) ဌာနသို့ ဆက်သွယ်အကြောင်းကြားရန် လိုအပ်သည်။ လျှပ်စစ် ဓာတ်အားသုံးစွဲသူများအနေဖြင့် ဆင်ခြင်လိုက်နာပူးပေါင်းကူညီရန် အသိပေးနှိုဆော်အပ်ပါသည်။






အခြားဆက်စပ်သတင်းများ