နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နမ့်စန်မြို့နယ် ဝမ်ကျောင်းကျေးရွာကုန်ထုတ်တံတားတည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

နမ့်စန် မတ် ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ဝမ်ကျောင်းကျေးရွာရှိလယ်ယာမြေများမှ လယ်ယာ ထွက်ကုန်များစျေးကွက်သို့အချိန်မီရောက်ရှိစေရေး အတွက်ကျေးလက်ကုန်ထုတ်တံတား တည်ဆောက် နေမှုအား နမ့်စန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများမှ မတ် ၇ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နမ့်စန်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်း နှင့်ဝန်ထမ်းများက ကျေးရွာကုန်ထုတ်တံတားဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ တံတား တည်ဆောက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာ ကုမ္ပဏီမှတာဝန်ရှိသူများက လက်ရှိတံတား တည်ဆောက်နေမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ပြီး လုပ်ငန်းအချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်း များပြည့်မီရေး အလေးထားဆောင်ရွက်သွားကြရန် မြို့နယ်ဦးစီးမှူး ကဆွေးနွေးမှာကြားသည်။

အဆိုပါ ဝမ်ကျောင်းကျေးရွာ ကုန်ထုတ်တံတားမှာ အရှည် ၄၀ ပေ အကျယ် ၁၄ ပေ ရှိပြီး ၂၀၂၀- ၂၀၂၁ ခုဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခွင့်ပြုရန်ပုံငွေကျပ် ၆၄ ဒသမ ၇၄၂ သန်းဖြင့် တင်ဒါအောင်မြင်သော သူရိန်ဇော်ကုမ္ပဏီမှ ယခုနှစ် ဇန်နဝါရီလအတွင်းက စတင်၍တည်ဆောက်လျက်ရှိကြောင်း နမ့်စန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။   
    
 ငြိမ်းသူ






အခြားဆက်စပ်သတင်းများ