မတ် ၆
နွေဦးကာလ တပေါင်း၊ တန်ခူးအချိန်ကာလဖြစ်သော်လည်း ယခုနွေဦးသည် ထူးကဲ၍ ပူပြင်းလှသည်ဟု ဆိုကြသည်။ နွေဦးကာလပင်ရှိသေး၍ အပူဒဏ်ကို ကာကွယ်နိုင်ရန် အထူးသတိပြုဆင်ခြင်ကြရမည်ဖြစ်ပေ သည်။ ယခုကဲ့သို့ အပူချိန်လွန်ကဲမှုကာလတွင် အထူးသတိပြုရမည်မှာ နေရောင်ခြည်အပူရှိန်နှင့်တွဲလျက် ခရမ်းလွန်ရောင်ခြည်လွန်ကဲနေမှုကို သတိထားရမည်ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်သည် လိုသည်ထက် ပိုများလျှင် လူတို့၏ ကျန်းမာရေးကို ထိခိုက်နိုင်သဖြင့် သတိပြုရခြင်းဖြစ်ပေသည်။
အထူးသဖြင့် နေ့စဉ်အပူချိန်အပြင်းဆုံးဖြစ်သည့် မွန်းတည့်ချိန်တွင် သတိထားရမည်ဖြစ်သည်။ အပြင် ထွက်လျှင် အကာအကွယ်အရိပ်ရှာသွားကြရန်နှင့် အကာအကွယ်မပါဘဲ နေပူထဲသို့ မထွက်ကြရန်လိုအပ်သည်။ ခရမ်းလွန်ရောင်ခြည်သည် လူကိုအကျိုးပြုစေသည့် ဗီတာမင်ဒီဓာတ်ပါဝင်သော်လည်း အပူလွန်ကဲစွာဖြစ်ပေါ် ပါက အန္တရာယ်ဖြစ်စေပေသည်။ အဓိကအားဖြင့် အရေပြားကင်ဆာရောဂါကဲ့သို့ အရေပြားလောင်ခြင်း၊ ခြောက်သွေ့အိုမင်းအရွယ်ကျခြင်း၊ ချွေးထွက်လွန်၍ အားအင်ကုန်ခန်းခြင်း၊ မျက်စိတိမ်စွဲခြင်း၊ သားသမီးမရနိုင် ခြင်းတို့ဖြစ်စေပြီး သက်ကြီးရွယ်အိုများနှင့် သွေးတိုး၊ နှလုံးရောဂါရှိသူများ သတိထားရမည်ဖြစ်သည်။
ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန်အတွက် ထီး၊ ဦးထုပ်ဆောင်းခြင်း၊ နေ့လယ်ခင်းရေမချိုးခြင်း၊ အရက် သေစာမသောက်စားခြင်း၊ အဝတ်အစားလက်ရှည်၊ နေရောင်ကာမျက်မှန်တို့ကို အသုံးပြုခြင်းတို့ ဖြစ်ပေသည်။ နွေရာသီအပူဒဏ်ကြောင့် လူအများချွေးထွက်လွန်ခြင်း၊ ဆားဓာတ်ရေဓာတ်လျော့နည်းခြင်း၊ အရေပြားလောင် ခြင်း စသည့်ရောဂါများ ဖြစ်ပွားတတ်သည်။ ထို့ကြောင့် အပူဒဏ်ကာကွယ်ရန်အတွက် မိမိတို့၏ ကျန်းမာရေး ကို မိမိတို့ကိုယ်တိုင်စောင့်ရှောက်နိုင်ရန် သက်ဆိုင်ရာဌာနများ၏ သတိပေးချက်များကို သတိပြုဆင်ခြင်စေ ချင်ကြောင်း။ ။