နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခြေအိတ်စွပ်လျက်ညအိပ်တာကောင်းလား

မတ်      ၃

 ငယ်စဉ်ကတောင်ကြီးတစ်ခေါက်ရောက်တော့ နယ်ခံလူကြီးက ညဘက်ခြေအိတ်စွပ်မအိပ်နဲ့ မျက်စိထိခိုက် တယ်လို့ပြောပါတယ်။ အသက်ငယ်သေးလို့အအေးဒဏ်ခံနိုင်တာကတစ်ကြောင်း ခြေအိတ်စွပ်လေ့မရှိတာက တစ်ကြောင်းအထူးတလည်ရှောင်စရာမရှိခဲ့ပါ။ ဒါပေမယ့်အေးတဲ့ဒေသမှာညဘက်ခြေအိတ်စွပ်မအိပ်ရဘူးဆိုတဲ့သတိပေးစကားကိုအမှတ်အသားပြုလာခဲ့ပါတယ်။

အသက်ကြီးတဲ့အခါကျတော့လည်းခြေအိပ်စွပ်တတ်တဲ့အလေ့အကျင့်မရှိတာကြောင့် ... ဆောင်းရာသီရောက်လည်းအနွေးထည်ထူထူဝတ်စောင်လုံအောင်ခြုံဒီလိုနဲ့ပဲ ညအအေးကိုအံတုခဲ့တာကြာလှပါပြီ။ တစ်နေ့က အသက် ၈၅ နှစ်ရှိတဲ့ အဘတစ်ယောက်ခြေကျင်းဝတ်ယားလွန်း လို့ ကပ်ကျေးနဲ့ခြစ်ပစ်တာအသားတွေပွန်းပဲ့ရောင်ရမ်းကုန်လို့  ဆေးခန်းသွားလိုက်ရတယ်။ အဘကသူ့အနာ ဒဏ်ရာတွေကို ဆေးခန်းပြမယ်ဆိုပြီး ခြေထောက်ကို ကြည့်တာခြေအိတ်စွပ်ထားတာ ဆရာဝန်တွေ့တော့ ညအိပ်တဲ့ အခါခြေအိတ်စွပ်အိတ်သလားမေးတဲ့အခါ စွပ်အိပ်တယ်တဲ့ - ခြေအိတ်စွပ်ခြင်းနဲ့ပတ်သက်တဲ့  ငယ်ငယ်ကအသိက စိတ်ထဲမှာပြူထွက်လာတယ်။

အသက် ၈၅ နှစ်လူကြီးတစ်ယောက်  အရွယ်နဲ့မမျှသန်သန်မာမာရှိနေတာကို သဘောကျနေတာဆိုတော့..ခြေအိတ်စွပ်အိပ်တဲ့ အလေ့အကျင့်ကြောင့် မျက်စိများထိခိုက်သွားခဲ့သော်ဆိုတဲ့ စိုးရိမ်ပူပန်မူကစိတ်ထဲရောက် လာပါတယ်။
ညဘက်ခြေအိတ်စွပ်အိပ်ခြင်းက အန္တရာယ်ကင်းမကင်းသိချင်လာပါတယ်။ အင်တာနက်ကကျန်းမာရေးဆိုက်တွေထဲလိုက်ရှာကြည့်တော့တွေ့ပါတယ်။ အပြစ်ရယ်လိုဖော်ပြတာမတွေ့ရပဲကောင်းကျိုးတွေဖော်ပြတာဘဲတွေ့ရပါတယ်။
  မြန်မြန်အိပ်ပျော်စေတယ် လေ့လာမူများအရခြေအိတ်စွပ်လျက်အိပ်ခြင်းကအိပ်ပျော်ဖို့အထောက် အကူပြုတာတွေ့ရပါတယ်။

အိပ်ရာထဲခြေအိတ်စွပ်လျက်အိပ်ရင်ပူလှောင်နေလိမ့်မည်ဟုထင်စရာရှိပါတယ်။ အမှန်က ဒီလိုခြေအိတ်စွပ်ထားခြင်းက ကိုယ်တွင်းအပူချိန်ထိန်းသိမ်းမူကို အထောက်အကူပြုတာတွေ့ရပါတယ်။ စမ်းသပ်မှုတစ်ခုလုပ်ကြည့်တာမှာ ရိုးရိုးခြေအိတ်ဖြစ်ဖြစ်၊ အပူပေးထားတဲ့ခြေအိတ်စွပ်ထားသည်ဖြစ်စေ လျင်မြန်စွာ အိပ်ပျော်စေတာကိုတွေ့ရှိခဲ့ပါတယ်။
အသေးစိတ်ရှင်းပြချင်ပါတယ်။ ကိုယ်တွင်းအပူဓာတ်ကညဘက်မှာကျဆင်းသွားပါတယ်။ နံနက် ၄ နာရီ လောက်မှာအနိမ့်ဆုံးကိုရောက်ရှိပါတယ်။ ပုံမှန်ကိုယ်အပူချိန်က 98.6F ဖာရင်ဟိုက်ဖြစ်ပါတယ်၂၄ နာရီ တစ်လျှောက်မှာ ၁ ဒသမ ၂ ဒီဂရီအပြောင်းအလဲရှိပါတယ်။ ခြေအိတ်စွပ်ထားလို့ ခြေထောက်နွေးလာခြင်းက သွေးကြောများကျယ်လာစေပါတယ်။
သွေးကြောကျယ်လာပြီး အရေပြားမှတစ်ဆင့်အပူစွန့်ထုတ်ပါတယ်။

အရေပြားပူနွေးလာပါတယ်။ ဒီနည်း နဲ့ခန္ဓာကိုယ်တွင်းအပူချိန်.. core  body temperature  ကျဆင်းစေပါတယ်။ အပူချိန်ကျဆင်းခြင်းက ဦးနှောက်ကိုညအချိန်ရောက်ပြီလို့သတင်းပို့ပါတယ်။ အရေပြားပူနွေးလာခြင်းက မြန်မြန်အိပ်စေပါတယ်။ လူခန္ဓာမှာဇီဝနာရီ biological clock ရှိပါတယ်။ ကိုယ်တွင်းအပူချိန် core body temperature ကbiological  clock နဲ့ဆက်စပ်ပါတယ်။ ၎င်းတို့ရဲ့စည်းချက်ကျလုပ်ဆောင်မှုကို circadian rhythm လို့ခေါ်ပါတယ်။ circadian rhythm ကအိပ်ချိန်ကိုသတ်မှတ်ပါတယ်။ သူ့ကြောင့်လူဟာညရောက်လျှင်အိပ်ချင်ပြီး၊ နံနက်ကျ နိုးလာတာဖြစ်ပါတယ်။

ကိုယ်အပူချိန်ကမနက်ကစပြီးတဖြည်းဖြည်းတက်လာတာနေ့လယ်နဲ့နောက်ပိုင်း အချိန်မှာအမြင့်ဆုံးရောက်လာပါတယ် -
    ဒီအချိန်တွေမှာ လူကနိုးကြားပြီးဖျတ်လတ်နေပါတယ်။ လူအိပ်သွားပြီဆိုလျှင် ကိုယ်အပူချိန် ၁ ဒသမ ၂ ဒီဂရီလောက်ကျဆင်းသွားပါပြီ။ ဒါဟာကိုယ်တွင်းအင်္ဂါအတွက် အပူကိုထိန်းသိမ်းထားလိုက်လို့ဖြစ်ပါတယ်။ခြေအိတ်စွပ်ပြီးအိပ်တဲ့အခါ ဒီအပူထိန်းခြင်းအတွက်အထောက်အကူဖြစ်စေပါတယ်။  

ရေးနော့လက္ခဏာ လျော့ပါးစေတယ်  (Reducing Raynaud's Symptoms)
အလွန်အေးတဲ့အခါ အလွန်ဖိစီးနေတဲ့အခါ ခြေဖျားလက်ဖျားမှာ သွေးကြောတွေကျဉ်းကုန်ပြီးသွေးလျှောက်နည်းသွားလို့ ခြေလက်တွေပြာလာပြီးထုံကျဉ်လာတာကိုရေးနော့ရောဂါရခြင်းလို့ခေါ်ပါတယ်။ ခြေအိတ်စွပ်အိပ်မယ်ဆိုရင် ဒီလိုရေးနော့လက္ခဏာခံစားရမှုလျော့ စေမှာ ဖြစ်ပါတယ်။ အပူပြန်ခြင်းကို ကာကွယ်ပါတယ်( Preventing hot flushes )သွေးဆုံးချိန်မှာ အမျိုးသမီးများက ချွေးထွက်လွန်ခြင်းရင်တုန်ခြင်း နဲ့အတူမျက်နှာမှာအပူတွေထွက်နေတတ်ပါတယ်။

ခြေအိတ်စွပ်ပေးခြင်းကကာကွယ်ပါတယ်
 လိင်အတွက်ကောင်းတယ် better sex popular  news story from 2005 အရ အိပ်ချိန်မှာခြေအိတ်စွပ်အိတ်တဲ့စုံတွဲတွေမှာ လိင်ဆက်ဆံမူပိုမိုပြီးမြောက်စေကြောင်းတွေ့ခဲ့ရပါတယ်။ ခြေအိတ်ကချောင်ချောင်လည် လည်ဖြစ်ဖို့လိုပါတယ်။ ချောင်လည်တာရွေးချယ်ဝယ်သင့်ပါတယ်။

ခြေအိတ်ကတင်းကျပ်နေရင်သွေး လျှောက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ထူထဲနွေးထွေးတဲ့ခြေအိတ်မှန်သမျှ အသုံးပြုနိုင်ပါတယ်။ ညဘက်ခြေအိတ်စွပ်ပြီးညအိပ်ခြင်းက လူငယ်တွေအတွက်ထူးခြားမှုသိပ်မရှိသော်လည်း သက်ကြီးပိုင်း အဘိုးအဘွားများအတွက်ကတော့ ကောင်းမွန်သည့်ရလဒ်တွေကိုရရှိစေမှာဖြစ်သည့်အတွက် ညအိပ်သည့်အခါ ခြေအိပ်ကျပ်ကျပ်တွေမဟုတ်ဘဲချောင်ချောင်ချိချိခြေအိပ်လေးများဖြင့် ဝတ်ဆင်ကာအိပ်မက်လှလှလေးများ မက်နိုင်ကြပါစေ။  

                                   ၁၂၅






အခြားဆက်စပ်သတင်းများ