နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိတ်ဖိစီးမှုနဲ့ စိတ်မပျော်ရွှင်မှုတွေက ကျန်းမာရေးဆိုးရွားစေ

မတ်      ၁

လူမှုစီးပွားညံ့ခြင်း၊ ဝင်ငွေနည်းပါးခြင်းရဲ့ ပြောင်းပြန်အဆိုးသက်ရောက်မှုများ၊ နိုင်ငံရေးမတည်ငြိမ်ခြင်း၊ လူဖြူလူမည်းပြဿနာ၊ စိတ်မပျော်ရွှင်မှုတွေကကျန်းမာရေးကိုဆိုးရွားစေနိုင်ပါတယ်။ အထူးသတိထားသင့် တာက အဆိုပါပြဿနာတွေဟာလူမျိုး၊ အသားအရောင်အရအဆက်မပြတ်ခွဲခြားဆက်ဆံခံနေရရင် ကျန်းမာရေး ထိခိုက်စေတယ်ဟု ဆိုတယ်။

ဂျော့ဖလွိုက်(George Floyd)ရဲ့ တွေ့ရှိချက်အရ လူမည်းဘဝရပ်တည်နေထိုင်ရခြင်းဟာ သိမ်ငယ်နိမ့်ကျကာ၊ အသားအရောင်ခွဲခြားမှုကြောင့်သေဆုံးခြင်းထိဖြစ်စေတယ်ဆိုတယ်။ တကယ်တော့အသားအရောင်ခွဲခြား ဆက်ဆံမှုဟာရာဇဝတ်မှုမြောက်တဲ့ လူမှုဆက်ဆံဘဝဖြစ်ကာ၊ အရေးယူနိုင်တဲ့ဥပဒေများရှိပြီး၊ အသက်ဝင် ပြီးသားဖြစ်တယ်။

သည်ဘက်ပိုင်းမှာ အသားအရောင်ခွဲခြားဆက်ဆံလာမှုဟာ အရှိအတိုင်းဆက်ဆံခြင်းလို့ ခွင့်လွှတ်နိုင်ပေမယ့် လူမည်းတစ်ယောက်အတွက်သိမ်ငယ်နိမ့်ကျတဲ့အခြေအနေပဲဖြစ်တယ်။
အသားအရောင်ခွဲခြားဆက်ဆံခံရခြင်း၊ နိုင်ငံခြားရွှေ့ပြောင်းလုပ်ကိုင်ခြင်းတို့ဟာ သက်ဆိုင်သူတွေအတွက် လုပ်ငန်းခွင်အဆင်ပြေမှုပေါ်မူတည်ကာ ကျန်းမာရေးပြဿနာဖြစ်လာပါတယ်။ ၂၁ ရာစုမှာပြန်လည်ဖြေရှင်း နေရတဲ့ရာဇဝတ်မှုမြောက်တဲ့ချိုးဖောက်မှုတစ်ခုပြန်ဖြစ်လာပါတယ်။ လူသားတစ်ဦးနဲ့တစ်ဦးကြား စပါးလုံး              တစ်တောင့်စာအရေပြားအရောင်ပြောင်းသွားရုံနဲ့အခွင့်အလမ်း၊ အခြေအနေခွဲခြားဆက်ဆံရမှုဟာစိတ်ဓာတ်မရင့်ကျက်မှုပဲဖြစ်တယ်။

ကျန်းမာရေးဘက်က ကြည့်ရင်လူသားတို့ဇီဝအသက်အရွယ်ကြီးရင့်ခြင်း၊ ကျန်းမာရေးဆိုးရွားစေတဲ့ စိတ်ဓာတ်ကျခြင်း၊ စိတ်မပျော်ရွှင်မှုဖြစ်ခြင်းကနေ ကျန်းမာရေးဆုတ်ယုတ်စေတဲ့ အထိဖြစ်နိုင်ပါတယ်။ လက်ဆုပ် လက်ကိုင်မပြနိုင်တဲ့အခြေအနေဖြစ်တဲ့ စိတ်ဖိစီးမှု၊စိတ်မပျော်ရွှင်မှုတို့ကို လူမှုဝန်းကျင်၊ အသားအရောင်ခွဲ ခြားမှုကနေ နောက်ဆက်တွဲခံစားရရှိလိုက်ကြရပါတယ်။

"ဒေါက်တာအာလင်းဂျော့နီမက်(Dr Arline Geronimus)၊ အန်အာဘာ(Ann Arbor)မြို့၊ မီချီဂန်(Michigan) တက္ကသိုလ်ပြည်သူ့ကျန်းမာရေးပေါ်လစီနှင့်စီမံခန့်ခွဲခြင်းဌာနသုတေသီအနေနဲ့(၁၉၉၂)ခုနှစ်ကတည်းက လေ့လာခဲ့ပါတယ်။ ဒေါက်တာဂျော့နီမက်အနေနဲ့၊ ကျန်းမာရေးပညာပေးခြင်းနှင့်ကျန်းမာရေးအပြုအမူဌာန ပါမောက္ခအဖြစ် အဆိုပါ တက္ကသိုလ်မှာတာဝန်ထမ်းဆောင်နေပါတယ်။

အမျိုးသမီးများသန္ဓေယူခြင်း၊ ကလေးမွေးခြင်းတို့ကို ဦးစားပေးအနေနဲ့ရရှိတဲ့တိုင်၊ အသက်(၂၀-၃၀) ဝန်းကျင်အမျိုးသမီးများမွေးဖွားခဲ့ရင် စိတ်ဖိစီးမှု၊ စိတ်မပျော်ရွှင်မှုခံစားကြရတယ်လို့ဆိုတယ်။ အမေရိကန်ပြည်ထောင်စုမှာ အသားအရောင်ခွဲခြားဆက်ဆံမှုမရှိဘူးဆိုတဲ့တိုင်၊ လူမည်းအမျိုးသမီးများအလုပ်ရရှိရေးခက်ခဲနေတဲ့ အပြင်၊ မီးဖွားခြင်း၊ ကျန်းမာရေးပြဿနာတို့မှာလည်းရာစုနှစ်ဝက်လောက်နှိမ့်ချဆက်ဆံခံနေရတယ်ဆိုတယ်။ "ဒေါက်တာဂျော့နီမက်"က သူရဲ့လေ့လာထင်မြင်ယူဆချက်အရမိခင်နှင့်ကလေးကျန်းမာရေးဟာ အရေးပါ နေသလောက် အသားအရောင်ခွဲခြားမှုပြဿနာက ရှိနေပါတယ်ဆိုတယ်။ နှစ်ပေါင်းထောင်ချီအတူယှဉ်တွဲ နေထိုင်လာတဲ့တိုင်အသားအရောင်ခွဲခြားမှု၊ အဲဒါကြောင့်ဖြစ်တဲ့စိတ်ဖိစီးမှု၊ စိတ်မပျော်ရွှင်မှုတို့က ၂၀၂၀ ပြည့်နှစ်မှာ မြင့်တက်လာခဲ့တယ်ဆိုတယ်။

စိတ်ပိုင်းဆိုင်ရာအားနည်းလာရာကရောဂါများဖြစ်လာစေတဲ့ခုခံမှုစနစ်ကျဆင်း မှုများဖြစ်လာစေတယ်ဆိုတယ်။ တွေ့ရှိမှုစာတမ်းကို ယနေ့ကျန်းမာရေးသတင်း(MNT- Medical News Today)မှာပုံနှိပ်ဖော်ပြထားပါတယ်။                                 

 ဒေါက်တာလွင်သန့်
REF: Health Update Today News:28-2-2021






အခြားဆက်စပ်သတင်းများ