နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပူပြင်းသောရာသီနှင့် မီးဘေးအန္တရာယ်

ရန်ကုန်၊ မတ် ၁


မိမိတို့နိုင်ငံတွင် နှစ်စဉ်မီးလောင်မှုများကြောင့် မလိုလားအပ်သော အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးမှုလျော့နည်းပြီး တဖြည်းဖြည်းပပျောက်သွားစေရန် လူတိုင်း မီးကိုဂရုပြုသုံးစွဲသင့်ပေသည်။ ယခုအချိန်အခါ တွင် မြို့ရွာများအတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိရာ မီးလောင်စေနိုင်သော အဖျက်အမှောင့်လုပ်ရပ်များ၊ မသမာမှုများကို အစဉ်သတိထားဆင်ခြင် ပြုမူနေထိုင်ရမည်ဖြစ်သည်။ မီးလောင်စေတတ်သောအကြောင်း၊ မီးလောင်စေတတ်သောအရာတို့ကို ကျယ်ပြန့်စွာသိထားပါက မီးလောင်မှုထိခိုက်နစ်နာဆုံးရှုံးမှု လျှော့ချနိုင်မည် ဖြစ်သည်။
ရပ်ရွာများကို အလွယ်တကူပျက်စီးစေတတ်သော မီးဘေးအန္တရာယ်မကျရောက်စေရန် မီးကိုမလောင်မီက ကြိုတင်ကာကွယ်တားဆီးထားရန်လိုသည်။ မီးဘေးကြိုတင်ကာကွယ်ရေးတွင် အဓိကကျသည့် မီးသုံးစွဲလျှင် အမြဲသတိရှိပြီး လူစောင့်ထားခြင်း၊ မီးဖိုအနီးတွင် လောင်စာဆီများမထားခြင်း၊ မီးဖိုများကို မြေကျင်းတူး စနစ်တကျအသုံးပြုခြင်း၊ မီးဖိုအား စနစ်တကျကာရံထားခြင်း၊ ကလေးသူငယ်များအား မီးမဆော့ရန်ထိန်းသိမ်း ခြင်း၊ မီးခွက်၊ မီးအိမ်၊ ဖယောင်းတိုင်များ ထရံနှင့်ခြင်ထောင်အနီးတွင် မထွန်းခြင်း၊ ကောက်ရိတ်သိမ်းချိန်တွင် လယ်ကွက်အတွင်း မီးအသုံးမပြုခြင်းတို့ လိုက်နာဆောင်ရွက်ရန်လိုသည်။ ယနေ့ခေတ်မီတိုးတက်နေသော အချိန်အခါတွင် မီးလောင်မှုအများစုသည်  လျှပ်စစ်ပိုင်းဆိုင်ရာမှအစ လျှပ်စစ်သုံးပစ္စည်းများ သုံးစွဲရာတွင် ဝန်နှင့်အား မမျှမတသုံးစွဲမှုကြောင့် မီးလောင်မှုများဖြစ်ပေါ်နိုင်ရာ သတိပြုဆင်ခြင်သုံးစွဲသင့်သည်။
မီးလောင်မှုဖြစ်ပွားလျှင် ထွက်မပြေးပါနှင့်။ ပတ်ဝန်းကျင်ကို အကူအညီတောင်းရန် မီးစတင်လောင်ကျွမ်းချိန် တွင် ငြှိမ်းသတ်နိုင်လျှင် မီးလောင်ဆုံးရှုံးမှုမများနိုင်ကြောင်း၊ အိမ်တိုင်း၊ အဆောက်အအုံတိုင်း၊ ယာဉ်တိုင်းတွင် ဓာတုဗေဒပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူးများ ဆောင်ထားခြင်းဖြင့် အလျင်အမြန် မီးငြှိမ်းသတ်နိုင်ကြောင်း မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တော်တွင် အထပ်မြင့်အဆောက်အအုံများ ပေါများလာသည်။ အထပ်မြင့်အဆောက်အအုံများ လေဝင်လေထွက်ကောင်းမွန်အောင် စီမံဆောင်ရွက်သင့်ကြောင်းနှင့် အထပ်တိုင်းတွင် မီးသတ်ဆေးဘူးထားရှိရန် လိုအပ်သည်။ မီးဘေးအန္တရာယ်ကို ပြည်သူအားလုံး သတိမူလာရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသော်လည်း လိုက်နာမှုအားနည်းခြင်း၊ ဂရုမပြုခြင်းတို့ကြောင့် မလိုလားအပ်သောဆုံးရှုံးမှုများ လျော့နည်းသွားစေရန် မီးသုံးစွဲသူအားလုံးက ကြိုတင်ကာကွယ်စောင့်ရှောက် စေချင်ကြောင်း။           ။






အခြားဆက်စပ်သတင်းများ