နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကာကွယ်ကုသရေး ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ ကျပ်သိန်း ၅၀၀၀ ပေးအပ်လှူဒါန်း

ရန်ကုန် ဧပြီ ၁ ကူးစက်မြန် အဆုတ်ရောင်ရောဂါ Coronavirus Disease 2019 (COVID–19) ကာကွယ်ကုသရေးနှင့် စပ်လျဉ်း၍ စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ဧရာဝတီဖောင်ဒေးရှင်းနှင့် AYA SOMPO အာမခံကုမ္ပဏီ လီမိတက်တို့မှ ပူးပေါင်းကာ မတ် ၃၁ ရက်က ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ ငွေကျပ်သိန်း (၅,၀၀၀) တိတိကို မတည်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့အပြင် ဝေဘာဂီအထူးကုဆေးရုံကြီးမှ နေရေးထိုင်ရေးအခက်အခဲကြုံနေရသော ဆရာဝန်၊ သူနာပြုများ အနေဖြင့် AYA BANK သင်တန်းကျောင်းတွင် အဆင်ပြေစွာ နေထိုင်စားသောက်သွားလာနိုင်ရေး စီစဉ် ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။ (သူရိန်)






အခြားဆက်စပ်သတင်းများ