နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းမပေါ်သစ်ကိုင်းကျိုးကျ၍ လမ်းပိတ်ဆို့ ဒေသခံပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေး နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းရှင်းလင်းပေး

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၅


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနက ဖေဖော်ဝါရီ ၂၄ ရက်၊ နံနက်ပိုင်းက ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက်နှင့် တောင်အင်းကျေးရွာသို့ဆက်သွယ်ဖောက်လုပ်ထားသည့်လမ်းမပေါ်တွင် သစ်ကိုင်းကျိုးကျ၍ လမ်းပိတ်ဆို့မှုဖြစ်နေ၍ ဒေသခံပြည်သူများ စိတ်အေးချမ်းစွာသွားလာနိုင်ရေး သွားရောက် ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ ပြည်သူ့အကျိုးပြုကူညီဆောင်ရွက်ပေးရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ကိုကိုမောင်ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများနှင့် ပူးပေါင်း၍လမ်းမပေါ် ကန္တာရပင်ကြီးမှ သစ်ကိုင်းကျိုးကျပိတ်ဆို့နေမှုအား စနစ်တကျခုတ်ထွင် ရှင်းလင်း ဆောင်ရွက်ပေးခဲ့သဖြင့် ပြည်သူများအဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါ သစ်ကိုင်း ကျိုးကျမှုကြောင့် အခြားလူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)






အခြားဆက်စပ်သတင်းများ