နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 လူနာသစ်များ၏ အချက်အလက်များကို မထုတ်ပြန်ပါက ရောဂါကူးစက်ခံရသူ ဆတိုးမြင့်တက်လာမည်ဟု တန်ဇန်းနီးယားနိုင်ငံကို အမေရိကန်သံရုံး သတိပေး

မေ ၁၄၊  ဒါအက်ဆလမ်

တန်ဇန်းနီးယားအစိုးရက COVID-19 လူနာသစ်များနှင့်ပတ်သက်သည့် အချက်အလက်များကို မထုတ်ပြန်လျှင် နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူများ ဆတိုးမြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု တန်ဇန်းနီးယား နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတိပေးခဲ့သည်။

တန်ဇန်းနီးယားနိုင်ငံမြို့တော် ဒါအက်စ်ဆလမ်မြို့မှ ဆေးရုံများတွင် လူနာများ ပြည့်နှက်နေခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ အလွန်မြင့်မားသည်ဟု ဆိုသည်။ သို့သော် အမေရိကန်သံရုံးက ယင်းတို့၏ ပြောကြားချက်များကို အားကောင်းခိုင်မာစေမည့် အထောက်အထားများ ထုတ်ဖော်ခဲ့ခြင်းမရှိပေ။

ကျန်းမာရေးအရာရှိများက ရောဂါအခြေအနေ ပိုမိုဆိုးရွားလာအောင် လုပ်နေသည်ဟု တန်ဇန်းနီးယား သမ္မတက စွပ်စွဲခဲ့သည်။ ပြည်သူများအနေဖြင့် ခရစ်ယာန်ဘုရားကျောင်းများ၊ ဗလီများသို့ တက်ရောက်ရန် သမ္မတ မာဂူဖူလီက ထပ်ဖန်တလဲလဲ တိုက်တွန်းခဲ့ပြီး ဝတ်ပြုဆုတောင်းခြင်းကြောင့် ဗိုင်းရပ်စ်ကို နှိမ်နင်းနိုင်သည်ဟု ဆိုသည်။ မကြာသေးမီက ညအချိန်တွင် မြေမြှုပ်သဂြိုဟ်သည့် ရုပ်သံမှတ်တမ်းများ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာခဲ့ရာ အစိုးရ၏ချဉ်းကပ်မှုအပေါ် မေးခွန်းထုတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ တန်ဇန်းနီးယားအစိုးရ၏ ရောဂါထိန်းချုပ်ကာကွယ်ရေးဗျူဟာအပေါ် သံသယဖြစ်မိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က ပြောသည်။ COVID-19 လူနာစာရင်းကို နောက်ဆုံးအကြိမ် တရားဝင်ထုတ်ပြန်ခဲ့သည့် ဧပြီလ ၂၉ ရက်က တန်ဇန်းနီးယားနိုင်ငံတွင် COVID-19 လူနာ ၅၀၉ ဦးရှိပြီး ၂၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။    

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ