နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် အိမ်သို့ လမ်းလျှောက်ပြန်နေသည့် ရွှေ့ပြောင်းလုပ်သားခြောက်ဦး ကားကြိတ်ခံရခြင်းကြောင့် သေဆုံး

မေ  ၁၄၊  နယူးဒေလီ

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒက်ရှ်ပြည်နယ်တွင် ကားကြိတ်ခံရခြင်းကြောင့် ရွှေ့ပြောင်းလုပ်သား ခြောက်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ရွှေ့ပြောင်းလုပ်သားများသည် ပန်ဂျပ်ပြည်နယ်မှတစ်ဆင့် ယင်းတို့၏အိမ်ရှိရာ ဘီဟာပြည်နယ်သို့ လမ်းလျှောက်နေစဉ် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ညက ကားကြိတ်ခံရခြင်းဖြစ်သည်။ အိမ်သို့ လမ်းလျှောက်ပြန်နေသည့် ရွှေ့ပြောင်းလုပ်သားခြောက်ဦး၏ ခရီးမှာ ၆၂၁ မိုင်(ကီလိုမီတာ ၁၀၀၀ နီးပါး)ကွာဝေးသည်။

ပြီးခဲ့သည့်မတ်လက အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့မှုလုပ်ခဲ့ရာ ရွှေ့ပြောင်းလုပ်သား သန်းပေါင်းများစွာမှာ မြို့ကြီးများတွင် ပိတ်မိခဲ့သည်။ စက်ရုံများ ပိတ်လိုက်ပြီး ဘတ်စ်ကားနှင့် ရထား ပြေးဆွဲမှုများကိုလည်း ညတွင်းချင်း ရပ်နားလိုက်ရာ မြို့ကြီးများတွင် အစာရေစာ ငတ်ပြတ်ခံရမည်ကို စိုးရိမ်ကြသည့် ရွှေ့ပြောင်းလုပ်သား သိန်းချီက ယင်းတို့၏ နေရပ်သို့ လမ်းလျှောက်ပြန်ရန် ကြိုးပမ်းခဲ့သည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ညကလည်း မဟာပရာဒက်ရှ်ပြည်နယ်တွင် ထရပ်ကားတိုက်ခံရခြင်းကြောင့် အနည်းဆုံး ရွှေ့ပြောင်းလုပ်သားရှစ်ဦး သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း မဟာရက်ရှ်ထရာပြည်နယ်တွင် ရထားကြိတ်ခံရခြင်းကြောင့် ရွှေ့ပြောင်းလုပ်သား ၁၆ ဦး သေဆုံးခဲ့သည်။ ယခုလအစောပိုင်းတွင် အိန္ဒိယအစိုးရက ရွှေ့ပြောင်းလုပ်သားများ အတွက် အထူးရထားများ ပြေးဆွဲပေးမည်ဟု ကြေညာခဲ့သော်လည်း ရွှေ့ပြောင်းလုပ်သားများမှာ အိမ်သို့ လမ်းလျှောက်ပြန်နေကြဆဲဖြစ်သည်။   
                                    
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ