မေ ၁၄၊ ဂျနီဗာ
ကိုရိုနာဗိုင်းရပ်စ် လုံးဝမပျောက်ကွယ်တော့တာမျိုး ဖြစ်နိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က သတိပေးခဲ့သည်။
မည်သည့်အချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ပျောက်ကွယ်သွားမည်ဆိုခြင်းကို မခန့်မှန်းကြရန် WHO ၏ အရေးပေါ်ဌာနဒါရိုက်တာ ဒေါက်တာမိုက်ရိုင်ယန်က ပြောသည်။ ကာကွယ်ဆေး ရှာတွေ့ပါကလည်း ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရန်အတွက် အဆမတန်အားထုတ်ရန် လိုအပ်သည်ဟု ယင်းက ပြောသည်။ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ ဒသမ ၃ သန်းကျော် ရှိနေပြီး လူ ၃၀၀၀၀၀ နီးပါး သေဆုံးခဲ့သည်။
'' ဒီဗိုင်းရပ်စ်က ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းမှာ နောက်ထပ်ကူးစက်ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်လာနိုင်ပြီး ဘယ်တော့မှ မပျောက်ကွယ်သွားတာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို ထည့်စဉ်းစားကြဖို့ အရေးကြီးပါတယ်။ HIV ဗိုင်းရပ်စ်ကလည်း မပျောက်ကွယ်သွားလို့ ကျွန်တော်တို့ ဒီဗိုင်းရပ်စ်ကို အောင့်သက်သက်နဲ့ လက်ခံခဲ့တာပဲ''ဟု ဒေါက်တာမိုက်ရိုင်ယန်က သတိပေးခဲ့သည်။
COVID-19 ရောဂါ မည်သည့်အချိန် တွင် ပျောက်ကွယ်သွားမည်ဆိုခြင်းကို ခန့်မှန်းနိုင်သူရှိမည်ဟု မယုံကြည် ကြောင်း ယင်းက ပြောသည်။
Ref:BBC(KNT)