နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရပ်စောက်မြို့နယ်နှင့်ပုသိမ်မြို့နယ်တို့၌ မှုခင်းဖြစ်ပွား

ရပ်စောက် မေ ၁၄

 မေ ၁၃ ရက်၊ နံနက် ၃ နာရီ ၅၀ မိနစ်အချိန်တွင် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ လွယ်ဟောင် ကျေးရွာနေ ဦးထွန်းနေ(၅၅)နှစ်သည် သားအရင်းဖြစ်သူ မောင်ဦး(၃၀)နှစ်အား အလုပ်လုပ်ရန်ပြောဆိုရာမှ စကားများရန်ဖြစ်ပြီး ဦးထွန်းနေသည် ဓားဖြင့်ခုတ်ခဲ့ရာ မောင်ဦးတွင် ဝဲပုခုံး/ဇက်ပိုး ပြတ်ရှ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ဦးထွန်းနေ(ဖမ်းမိ)အား ရပ်စောက်မြို့မရဲစခန်း တွင်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

  မေ ၁၃ ရက်၊ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဘဲဂရက်ဘူတာနှင့် ဒါးက ဘူတာကြား၌ ပုသိမ်ဘူတာမှ ထွက်ခွာလာသည့် အမှတ်(၁၈၅)အဆန် ပုသိမ်-ကြံခင်း စာပို့ရထားဖြင့် လိုက်ပါလာသည့် ဒေါ်လဲ့လဲ့ဝင်း(၄၅)နှစ် ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး ၁ ကုံးအား ဇော်မျိုးအောင် (၃၀)နှစ်မှ လုယူပြီး ရထားပေါ်မှ ခုန်ဆင်းထွက်ပြေးသွားသဖြင့် ရထားရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ ကန်ကြီးထောင့်မြို့နယ်၊ ဆပ်ကွင်းကျေးရွာလမ်းဆုံ၌ ဖမ်းဆီးရမိခဲ့သဖြင့် ဇော်မျိုးအောင် (ဖမ်းမိ)အား ကန်ကြီးထောင့်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ