နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီလရှင်စာသင်တိုက်နှင့် မူလွန်သီလရှင်သင်ပညာရေးကျောင်းအတွက် ဆန်၊ ဆီ၊ ပဲနှင့် သီလရှင်ဝတ်စုံများလှူဒါန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄


ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စု တာဝကညင်ပင် ၂ လမ်းနှင့် ၃ လမ်းကြားရှိ သမိဒ္ဓေါဒယတေဇာသစ်နမ့်ဆန်သီလရှင်စာသင်တိုက်နှင့် မူလွန်သီလရှင်သင် ပညာရေးကျောင်းသို့ဆွမ်းဆန် ၆ အိတ် ၊ ကြက်သွန်နီ ၁ အိတ် ၊ ကြက်သွန်ဖြူ ၁ အိတ် ၊ ဆီ ၅၀ ပိဿာ ၊ ပဲ              ၂ အိတ်နှင့် သီလရှင်ဝတ်စုံ ၁၀ စုံ ၊ နေ့ဆွမ်းတို့ကို အလှူရှင်ဦးသန့်စင်ဒေါ်ခိုင်စန်းအေးမိသားစုတို့က ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ကသွားရောက်လှူဒါန်းကြသည် ။

  အဆိုပါလှူဒါန်းပွဲတွင် သမိဒ္ဓေါဒယတေဇာသစ်နမ့်ဆန်သီလရှင်စာသင်တိုက်ဦးစီးပဓာနနာယကဆရာကြီးဒေါ်ကေသာရီထံလှူဒါန်းပြီး ရေစက်သွန်းလောင်းအမျှပေးဝေကြသည် ။

အဆိုပါသီလရှင်စာသင်တိုက်ကို၂၀၀၇ခုနှစ်တွင်တည်ထောင်ခဲ့ပြီးသီလရှင်သင်ပညာရေးကျောင်းကို ၂၀၁၀-၂၀၁၁ ခုနှစ်မှစတင်၍ဖွင့်လှစ်ခဲ့သည် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင်သူငယ်တန်းမှသတ္တမတန်းအထိဆရာမ ၁၂ ဦး ၊ ကျောင်းသားကျောင်းသူ ၄၀၀ ဦး ရှိသည်ထို့ပြင်အလယ်တန်းအဆင့်ပညာသင်ဆရာလေး ၉ပါးနှင့်အထက်တန်းအဆင့် ပညာသင်ဆရာလေး ၆ ပါးရှိကြောင်းသိရသည် ။

                                                                                                                               အောင်သူရ






အခြားဆက်စပ်သတင်းများ