နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုလံဘီယာအကျဉ်းထောင်တွင် အကျဉ်းသားပြည့်နှက်နေ၍ COVID-19 ကူးစက်ခံရသူ ၈၅၀ ကျော်ရှိနေ

မေ ၁၃၊ ဘိုဂိုတာ

ဗီလာဗီဆန်စီယိုမြို့၏ အကျဉ်းထောင်တွင် အကျဉ်းသားအပြည့်အသိပ် ဖြစ်နေခြင်းကြောင့် အကျဉ်းသားနှင့် ဝန်ထမ်း ၈၅၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း အကျဉ်းထောင် ညွှန်ကြားရေးမှူးက ပြောသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပွားချိန်တွင် ဗီလာဗီဆန်စီယို အကျဉ်းထောင်တွင် သတ်မှတ်ဦးရေထက် ၂ ဆကျော် ပိုများနေပြီး အကျဉ်းသား ၁၈၃၅ ဦး ရှိခဲ့သည်ဟု အကျဉ်းထောင် ညွှန်ကြားရေးမှူး ရိုဒရီဂွက်ဇ်က ပြောသည်။ '' အိပ်စင်အောက် ဝင်အိပ်နေရသူတွေ၊ ရေချိုးခန်းထဲ အိပ်နေရသူတွေရှိနေမှတော့ ဘယ်လိုလုပ်ပြီး သီးသန့်ခွဲခြားထားလို့ရမှာလဲ''ဟု ဒေသ လွှတ်တော်၏ ဗီဒီယိုဆွေးနွေးပွဲတွင် ရိုဒရီဂွက်ဇ်က ပြောသည်။

လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်တွင် ဥမင်လိုဏ်ခေါင်းတူးပြီး ထွက်ပြေးမည့် အကျဉ်းသားများ၏ ကြိုးပမ်းမှုကို ရဲတပ်ဖွဲ့က တားဆီးနိုင်ခဲ့သည်။ ဗီလာဗီဆန်စီယိုအကျဉ်းထောင်မှ ဆရာဝန်များမှာ လိုအပ်သည့် အကာအကွယ်ပစ္စည်းများ မရခြင်းကြောင့် အလုပ်ထွက်ခဲ့ကြကြောင်း ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ကိုလံဘီယာနိုင်ငံ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဆာဗန်တက်စ်က ပြောသည်။ ကိုလံဘီယာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံထားရသူ ၁၁၅၀၀ ကျော်ရှိနေပြီး လူ ၄၇၉ ဦး သေဆုံးခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ