နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံကို အချိန်တိုအတွင်း ပြန်လည်ဖွင့်လှစ်ပါက ဘေးဒုက္ခနှင့် အသက်ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်ဟု ထိပ်တန်းဆရာဝန် သတိပေး

မေ ၁၃၊ ဝါရှင်တန်

အမေရိကန်နိုင်ငံကို အချိန်တိုအတွင်း ပြန်လည်ဖွင့်လှစ်ပါက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့သွားလိမ့်မည်ဟု အမေရိကန်နိုင်ငံ၏ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းဆရာဝန်တစ်ဦးက အထက်လွှတ်တော်အမတ်များကို သတိပေးခဲ့သည်။

အမေရိကန်နိုင်ငံကို ပိတ်ဆို့မှုမှ ပြန်လည်ဖွင့်လှစ်ရန် ချမှတ်ထားသည့် ပြည်ထောင်စု လမ်းညွှန်ချက်များကို မလိုက်နာပါက အသေးစားရောဂါကူးစက်မှုများမှတစ်ဆင့် ရောဂါကူးစက်ပျံ့နှံ့မှု အကြီးအကျယ် ဖြစ်လာလိမ့်မည်ဟု ဒေါက်တာဖော်စီက ပြောသည်။

ဒေါက်တာဖော်စီ၏ ပြောကြားချက်မှာ အမေရိကန်နိုင်ငံ၏ စီးပွားရေး တစ်ကျော့ပြန် ဦးမော့လာရန် စိတ်အားထက်သန်နေသည့် ဒေါ်နယ်ထရမ့်၏ အာဘောင်အာရင်းသန်သန် ဟောပြောမှုများနှင့် ကွဲလွဲနေသည်။ အမေရိကန်နိုင်ငံ၏ ပြည်နယ်အများအပြားတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည် စတင်လျက်ရှိရာ ကူးစက်မှုနှုန်း မကျဆင်းသည့်အပြင် မြင့်တက်လျက်ရှိသည်။ ရောဂါကူးစက်ပျံ့နှံ့မှု အကြီးအကျယ်ဖြစ်လာပါက အရာရှိများ ထိန်းချုပ်နိုင်မည်မဟုတ်ဘဲ စီးပွားရေးပြန်လည်အားကောင်းလာရေးကို အဟန့်အတားဖြစ်စေနိုင်ကြောင်း၊ ဘေးဒုက္ခများနှင့် အသက်ဆုံးရှုံးမှုများ ကြုံတွေ့နိုင်ကြောင်း ဒေါက်တာဖော်စီက သတိပေးခဲ့သည်။ ထို့အပြင် အမေရိကန်နိုင်ငံတွင် COVID-19 ကြောင့် အမှန်တကယ် သေဆုံးသူအရေအတွက်မှာ တရားဝင်ထုတ်ပြန်ထားသည့်ပမာဏ ( သေဆုံးသူ ၈၀၀၀၀ ရှိသည်ဟု ဖော်ပြ)ထက် ပိုများဖွယ်ရှိသည်ဟု ယင်းက ဆိုသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ