ငဖဲ ၊ ဖေဖော်ဝါရီ ၃
ဇန်နဝါရီ ၃၀ ရက်၊ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ လေးအိမ်စုကျေးရွာနေ ပိုင်ရှင်ဒေါ်ချို၏ တစ်ထပ်နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း သိရသဖြင့် မင်းဘူးခရိုင်အတွင်းရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၇ စီးတို့ဖြင့် သွား ရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် အိမ်ခြေ ၃၈ လုံးနှင့် ဓမ္မာရုံတစ်လုံး၊ 22-Hp မီးစက် ၃ လုံး၊ 65-Hp မီးစက်တစ်လုံး၊ ထွန်စက်တစ်စီးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး အမျိုးသား ၃ ဦး မီးဟက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် အမျိုးသမီးတစ်ဦးမှာ ဆိုင်ကယ်နှင့်ထိခိုက်မိသဖြင့် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကာ အိမ်ရှင်ဒေါ်ချိုအား ငဖဲမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဆွေဦး